တစ်ချိန်က အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲမှာ ဆွဲဆောင်မှုအရှိဆုံးနဲ့ အေးချမ်းပြီးညို့အားပြင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောနန္ဒာလှိုင်ကတော့ တကယ့်ကိုမပါမဖြစ်ပါပဲနော် ပရိသတ်ကြီး..။

မင်းသမီးနန္ဒာလှိုင်ကတော့ လတ်တလောမှာလည်း အနုပညာလုပ်ငန်းတွေကို ရပ်နားထားခဲ့ပြီး ပြင်ပြင်ဆင်ဆင်ကြွားကြွားဝါဝါမနေဘဲ သမီးလေးသုံးယောက်နဲ့အတူ မိသားစုကိုသာအချိန်ပေးဖြစ်နေတာလည်း ပရိသတ်တွေမြင်တွေ့ရမှာပါ..။

အိမ်ထောင်ပြုပြီးနောက်ပိုင်းအနုပညာအလုပ်တွေနဲ့ အချိန်အတော်ကြာဝေးကွာနေတဲ့ မင်းသမီးနန္ဒာလှိုင်ကတော့ သမီးသုံးယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ရိုးရှင်းအေးချမ်းစွာပိုင်ဆိုင်ဖြတ်သန်းနေပေမယ့် ဝေဖန်တိုက်ခိုက်မှုတွေကိုတော့ ယနေ့တိုင်ကြုံတွေ့နေရဆဲပါပဲ..။

“ပြင်ပြင်ဆင်ဆင်လဲမနေတတ်ပါဘူး ဟိုးအရင်ထဲကပါ ရိုက်ကွင်းသွားတဲ့ အချိန်ကလွဲရင် သနပ်ခါးနဲ့ဘဲနေတာပါ

ကြွားကြွားဝါဝါလဲ မနေတတ်ပါဘူး မဖြစ်မနေကျမှ နားကပ်လေး လက်စွပ်လေးဝတ်တာပါ ကျန်တဲ့အချိန်ဆို နားပေါက်ဟောင်းလောင်းပါ

အခုလက်ရှိ မိဘအိမ်မှာဘဲနေပါတယ်

အမေ့ခြံထွက် ဒူးရင်းသီး ကြက်မောက်သီးတွေလဲ ဝိုင်းရောင်းပေးပါတယ် ကိုယ်တိုင်လဲခွဲပေးပါတယ် အဲလိုလုပ်ရတာလဲပျော်ပါတယ်..” ဆိုပြီး သူမရဲ့နေထိုင်လှုပ်ရှားမှုပုံစံလေးကို ရေးသားပြောပြထားတာ တွေ့ရပါတယ်..။

ခြိုးခြံချွေတာပြီး ရိုးရိုးရှင်းရှင်းအေးချမ်းစွာနေထိုင်နေပေမယ့်လည်း ဝေဖန်တိုက်ခိုက်မှုတွေရှိနေတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ မေးခွန်းလေးတွေနဲ့အတူ ပြန်လည်တုန့်ပြန်မေးခွန်းထုတ်လိုက်ပါတယ်..။

“အလုပ်သွားတဲ့ အချိန်ကလွဲရင် မိသားစုကိုဘဲ အချိန်အပြည့်ပေးပါတယ် မိသားစုဘဝသာယာအေးချမ်းအောင် အစွမ်းကုန်ကြိုးစားပါတယ်

အဲဒီအတွက်လဲ ကျေနပ်ပျော်ရွှင်ပါတယ်

အဲဒီလိုနေတတ်တဲ့ ကျမကိုလာလာပြီး တိုက်ခိုက်နေတာ ဘာကြောင့်လို့ သတ်မှတ်ရမလဲဟင်?..” ဆိုပြီးလည်း မေးခွန်းလေးထုတ်ပြီး ပြောလိုက်ပါတယ်..။

Photo - နန္ဒာလှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။