Miley Cyrus ဆိုရင် ရွှေညိုရောင် ဆံနွယ်ခွေခွေလေးနဲ့ ချစ်စရာကောင်းပြီး လှပ ဖြူစင်တဲ့ Country အဆိုတော်မလေး လို့ လူတိုင်းက သိခဲ့ကြပါတယ်။ သူမ ဟာ ဆယ်ကျေ်သက်အရွယ်ကတည်း က Disney Channels ရဲ့ မြောက်တောင်မြှောက်ပေးမှုတွေနဲ့အတူ ယနေ့ တိုင် ကမ္ဘာကျော် အဆိုတော် တစ်ဦးအနေနဲ့သာမက သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ အောင်မြင်ကျော်ကြားလာတာဖြစ်ပါတယ်။

သူမ အဆိုတော် အဖြစ်ကနေ Pop အဆိုပိုင်းဘက်ကို ကူးပြောင်းခဲ့ပြီး MTV တွေရဲ့ နောက်ပိုင်းမှာ သူမ သီချင်းတွေမှာ ကိုယ်တိုင်လဲ ပါဝင်သရုပ်ဆာင်ခဲ့ပါတယ်။ MTV တွေရဲ့ သရုပ်ဆောင်ပိုင်းမှာသာမက စင်ပေါ်ထက်မှာပါ Miley Cyrus မှ ဟုတ်ရဲ့လားလို့ အများက အံ့သြယူခဲ့ရလောက်တဲ့ထိ အဖော်အချွတ်မယ်နီးပါးအခြေအနေဆိုးခဲ့ဖူးပါတယ်။လွန်ခဲ့တဲ့ 2013နှစ်တွေလောက်ကMiley ဟာ သူမချစ်သူ Liam Hemsworth နဲ့ ကာလ အတော်ကြာ အဆင်မပြေဖြစ်ခဲ့ပြီး ဆေးတွေစွဲပြီး စိတ်ဓာတ်တွေကျတဲ့ထိ ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာလည်း လက်တွဲနေဆဲ ချစ်သူ အမေရိကန် သရုပ်ဆောင် Liam Hemsworth နဲ့ 2009 ခုနှစ်မှာ စတင် ချစ်ကြိုက်ခဲ့ကြပြီး 2010 ခုနှစ်မှာ Last Song ဆိုတဲ့ ဇာတ်လမ်းလေးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ 2013 ခုနှစ်လောက်မှာ ချစ်သူနဲ့ အရမ်းအဆင်မပြေတဲ့ အချိန်တွေ ဖြတ်ကျော်ခဲ့ရပြီး သူမရဲ့ အပြုအမူတွေကလည်း နေရာတိုင်းမှာ နှာခေါင်းရှူံ့စရာဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူမတို့ နှစ်ဦး 2016 ခုနှစ် ဒီဇင်ဘာလမှာ လက်ထပ်ခဲ့ပြီ ဖြစ်ပေမဲ့လည်း လက်ထပ်ပွဲလေး လုပ်ဖို့ စီစဉ်နေဆဲဖြစ်ပါတယ်။ Liam Hemsworth နဲ့ အတူရှိနေတဲ့ အချိန်မှာ Miley အနေနဲ့ အများကြီး ပြန်လည်ပြောင်းလဲ လာခဲ့တာဖြစ်သလို သူမ ရဲ့ အချိန်တိုင်းဟာ ပျော်ရွှင်စရာတွေ အတိဖြစ်နေခဲ့ပါတယ်။

source: whosdatedwho.com ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။