ချစ်စရာကောင်းတဲ့မင်းသမီးလေး နန်းစန္ဒာလှထွန်းရဲ့ နောက်ခြေလှမ်းအသစ်

MRTV-4 ရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် လူသိများလာခဲ့တဲ့ နန်းစန္ဒာလှထွန်းက အခုဆိုရင်ဇာတ်လမ်းတွေဆက်တိုက်ရိုက်လာပြီဖြစ်ပါတယ်။သူမရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အားပေးမှု အခိုင်အမာရှိထားသူလဲဖြစ်ပါတယ်။ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်သူလေးလဲဖြစ်ပါတယ်။

''ပဉ္စလက်ရွာ''ဇာတ်လမ်းတွဲမှာ ရေဝတီဆိုတဲ့ နာမည်နဲ့ သနားစရာကောင်မလေးအဖြစ် ပရိသတ်တွေရဲ့ ရင်ကိုလှုပ်ခတ်စေခဲ့ပါတယ်။သူမရဲ့ပထမဇာတ်ကားလေးနဲ့တင် ပရိသတ်များစွာပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။နောက်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ ''အရိပ်'' ဇာတ်လမ်းတွဲမှာလည်း ချစ်စရာကောင်းတဲ့ ကျောင်းသူလေး သက်သက် အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်ပီပြင်ပြီး သူမရဲ့ဟန်ပန်လေးတွေကြောင့် တဖြည်းဖြည်းအောင်မြင်လာတဲ့သူလည်းဖြစ်ပါတယ်။

Forever Oulala Production ကစီစဉ်ထုတ်လုပ်ပြီး ဒါရိုက်တာကိုသောင်းရိုက်ကူးမယ့် ''ဝင်္ကပါရှင်းတမ်း'' ဇာတ်လမ်းတွဲမှာလည်း သူမကပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာသူမက နက္ခတ်၊ စည်သူဝင်း၊ကျော်ထက်၊လပြည့်၊သာထက်ဉာဏ်ဇော်၊ဆက်ရန်နိုင်၊ရွှေစင်ဝင့်ရှိန်၊ ခွန်းနေခြည်ချိုတို့နဲ့ အတူပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။နန်းစန္ဒာလှထွန်းရဲ့''ဝင်္ကပါရှင်းတမ်း'' ဇာတ်လမ်းတွဲအတွက် ပြုလုပ်တဲ့ကန်တော့ပွဲအခမ်းအနားပုံရိပ်တွေကိုလည်း ချစ်တဲ့ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

Source:from Nan Sandar Hla Htun;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။