သဘာဝဆေးဖက်ဝင်အပင်ဖြစ်တဲ့ ဂျင်းဟာ လူတွေရဲ့ကျန်းမာရေးပြသနာတွေကို သက်သာပျောက်ကင်းစေတာကြောင့် နာမည်ကျော်ပါတယ်။ ဟင်းချက်တဲ့အိမ်ရှင်မတွေအတွက် ဂျင်းဟာ အိမ်တစ်အိမ်မှာ မရှိမဖြစ်လိုအပ်တဲ့ အပင်တစ်မျိုးဖြစ်နေပြီး ကျန်းမာရေးကောင်းကျိုးတွေလဲ ပေးစွမ်းတာကြောင့် အိမ်တိုင်းမှာ ဂျင်းကို ကိုယ်တိုင်စိုက်ပျိုးထားသင့်ပါတယ်။

ဒီနည်းလမ်းအနေနဲ့ လွယ်ကူပြီး လိုအပ်တဲ့ပစ္စည်းမများဘဲနဲ့ ဂျင်းအပင်တွေများများပွားတာကြောင့် အိမ်ရှင်မတိုင်း စမ်းသုံးကြည့်နိုင်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဂျင်းတစ်တောင့်၊ အဆီအနှစ်ပြည့်ဝတဲ့မြေကြီးပမာဏတစ်ခု၊ အလျားကျယ်ကျယ်နဲ့ သိပ်မနက်တဲ့ မြေအိုးတို့ပဲဖြစ်ပါတယ်။

စိုက်ပုံစိုက်နည်းကတော့

၁။ ကိုယ်စိုက်မယ့်ဂျင်းကို တစ်ညတာ ရေစိမ်ထားပါ။

၂။ မြေအိုးထဲကို အသင့်ထားထားတဲ့ မြေကြီးထည့်ပါ။ စိုက်မယ့် ဂျင်းတောင့်ထည့်ပါ။ ဂျင်းရဲ့အမြစ်တွေကို မြေကြီးပမာဏ ၁ သို့မဟုတ် ၂ လက်မလောက် မြုပ်နေပါစေ။

၃။ ရေပုံမှန်လောင်းပေးပါ။

၄။ အပင်အိုးကို နေမထိုးတဲ့ နွေးနွေးထွေးထွေး စိုစွတ်နိုင်တဲ့ အိမ်နေရာတစ်နေရာမှာထားပါ။

၅။ အပင်စိုက်ထားတဲ့မြေအိုးကို ရေထည့်ထားတဲ့ စပရေးဘူးနဲ့ ဖြန်းပေးပြီး အစိုဓာတ်ကိုလဲ ထိန်းသိမ်းနိုင်ပါတယ်။

အထက်ဖော်ပြပါအချက်တွေ ပုံမှန်လိုက်နာဖို့လိုအပ်ပါတယ်။ ဂျင်းဟာ တဖြည်းဖြည်းနဲ့ အမြစ်ပွားလာတတ်တဲ့ အပင်မို့ အချိန်အနည်းငယ်ယူရပါတယ်။ ရက်သတ္တပတ်အနည်းငယ် ကြာပြီးရင်တော့ ဂျင်းအတက်တွေကနေပွားလာတာကိုတွေ့ရမှာပါ။ ဒီအခါ ကိုယ်သုံးလိုတဲ့ ဂျင်းအတောင့်ပမာဏတစ်ခုလောက်ကိုပဲ ဖြတ်ပြီး သုံးနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အိုးထဲမှာ များများပွားလာပါလိမ့်မယ်။

Source : shareably.net

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။