အိမ်ထောင်ကျပြီးနောက်ပိုင်း အရင်ကထက် ပိုလှလာတဲ့ အနုပညာရှင် အိမ်ထောင်ရှင်မလေးတွေထဲမှာ နန်းမြတ်ဖြိုးသင်းကလည်း ထိပ်ဆုံးက ပါဝင်နေသူလည်းပဲ ဖြစ်ပါတယ်။သူမကတော့ အိမ်ထောင်ရေးကံကောင်းသူလေး အဖြစ်နဲ့ ပရိသတ်တွေအားကျနေရတဲ့ မင်းသမီးချောလေးဖြစ်ပြီး အရမ်းချစ် အရမ်းဂရုစိုက်တက်တဲ့ ခင်ပွန်းသည်ကြောင့် နေ့ရက်တိုင်းဟာ Valentine နေ့လေးဖြစ်ကာ အရမ်းကိုစိတ်ချမ်းသာပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။သူမကတော့ အရင်ကထက် ပိုပြီးစိတ်ချမ်းနေတာကြောင့် အရင်ကထက် ကိုပိုလှလာတာလည်း ပရိသတ်တွေ သတိထားမိကြမယ်ထင်ပါတယ်။ 

ဒီနေ့မှာလည်း ပရိသတ်တွေလုံးဝလုံး၀ မမှတ်မိနိုင်လောက်အောင်ကို ပြောင်းလဲနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေအရမ်းကို အံ့သြ သွားခဲ့ကြရတာပဲ ဖြစ်ပါတယ်။သူမကတော့ ဆံပင်စတိုင်အသစ်လေးကြောင့် အရင်ကနဲ့လုံးဝမတူတဲ့ ချစ်စရာကောင်မလေးအဖြစ် ပရိသတ်တွေ တအံတ့သြမြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလည်း အမိုက်စား Hair Colourဆိုးထားတဲ့ ဆံပင်အရှည်လေးနဲ့ ဘာဘီအရုပ်မလေးလို အရမ်းကိုလှပနေပုံရိပ်လေးတွေမျှဝေလိုက်တာကြောင့် ပရိသတ်တွေအားလုံး မျက်စိမှားခဲ့ရပြီး နန်းမြတ်ဖြိုးသင်းမှ ဟုတ်ရဲ့လား ပြန်မေးရလောက်အောင် ဖြစ်သွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ဓာတ်ပုံလေးတွေအောက်မှာလည်း ပရိသတ်တွေ တအံတ့သြနဲ့ မှတ်ချက်လေးတွေ ဝင်ရေးနေကြတာပဲ ဖြစ်ပါတယ်။

သူမကတော့ လက်ရှိမှာ ဝါသနာပါရာအနုပညာလုပ်ငန်းတွေလည်း လုပ်ကိုင်နေသလို အိမ်ထောင်ဖက်အပေါ်မှာလည်း တာဝန်ကျေတဲ့ ချစ်စရာ ဇနီးသည်လေးပဲ ဖြစ်ပါတယ်။ကားရိုက်နားတဲ့ရက်တွေမှာလည်း ခင်ပွန်းသည်နဲ့ အတူခရီးတွေထွက်ပြီး အိမ်ထောင်ကျပြီးမှ ချစ်သူတွေလိုမျိုး ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ အမှတ်တရလေးတွေ ဖန်တီးနေကြတာကြောင့် ပရိသတ်တွေ အရမ်းကိုအားကျနေရတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ပရိသတ်တွေ ပြောစမတ်တွင်ခဲ့တဲ့ သူမရဲ့ အံ့သြလောက်စရာဓာတ်ပုံလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - နန်းမြတ်ဖြိုးသင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။