ထွန်းအိန္ဒြာဗိုလ်ဟာ အနုပညာလောကမှာ ပညာ၊ သမ္ဘာ၊ ဝါတွေနဲ့ရပ်တည်နိုင်နေတဲ့ စူပါ့စူပါမင်းသမီးကြီးတစ်လက်ဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့နေရာမှာ ထွန်းအိန္ဒြာဗိုလ်ဆိုတဲ့ ကိုမေ့ပြီး ကာရိုက်တာထဲက အမျိုးသမီးအဖြစ် ခံစားရအောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့်အနုပညာရှင် မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ် ။ ဇူလိုင်လ တစ်ရက်နေ့ကတော့ သူမဟာ အမှန်တကယ် လိုအပ်နေတဲ့ ကွက်လပ်လေးတစ်ခုကို ဖြည့်ပေးခဲ့ပါတယ် ။

အဲ့ကွက်လပ်လေးက ဘာလဲဆိုတော့ ပညာရေးဆုံးခန်းတိုင်ဘွဲ့ရသည်အထိ တာဝန်ယူ ကျောင်းထားပေးမည့် ဒေါ်ခင်မြမြ ပညာရေးဖေါင်ဒေးရှင်း၏ ဆေးတက္ကသိုလ် ကျောင်း သား(1)တစ်ဦးအတွက် ခြောက်လစာ လှူဒါန်းမှုပြုလုပ်ပေးခဲ့တာဘဲ ဖြစ်ပါတယ် ။ ဦးအောင် မင်းထွန်း+ထွန်းအိန္ဒြာဗို သား အောင်ဗိုကောင်းသန့် မိသားစုကောင်းမှုဆိုပြီး ပညာရေး အတွက်လိုအပ်နေတဲ့ အလှူငွေ ၆သိန်းကျပ်တိတိကို လှူဒါန်းခဲ့တာဘဲ ဖြစ်ပါတယ် ။ အခုလို အမှန်တကယ်လိုအပ်နေတဲ့ ထူးချွန်ပြီး မိသားစုအခက်ခဲတွေကြောင့် ကျောင်းမတက်နိုင်တဲ့ ကျောင်းသားတွေအတွက် ပညာအလင်းရောင်လေး ဖြန့်ဝေပေးလိုက်တာ လေးစားစရာပါဘဲ ။

အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ သူမကတော့ အလှူတန်းမှာလည်း လက်မနှေးတတ်တဲ့သူလို့ဆိုရမှာပါဘဲ ။ ပရိသတ်ကြီးလည်းသူမရဲ့ ကုသိုလ်ကောင်းမှုအတွက် သာဓုခေါ်ဆိုနိုင်ဖို့ အလှူပုံရိပ်အချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Tuntun Oo Duwon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။