မိန်းကလေးတိုင်းအားကျရလောက်တဲ့ လှပတဲ့ခန္ဓာကောက်ကြောင်းလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဆုအိမ့်စံကတော့ ဆွဲဆောင်မှုရှိတဲ့ရိုးရှင်းတဲ့အလှတရားလေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုဖမ်းစားလိုက်ပြန်ပါပြီ..။

ချစ်စရာကောင်းတဲ့မင်းသမီးချောလေး ဆုအိမ့်စံကတော့ သူမကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး မကြာခင်ရုံတင်ပြသတော့မယ့် “တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ” ရုပ်ရှင်ဇာတ်ကား Press Show လေးကို ရိုးရိုးရှင်းရှင်းချစ်စဖွယ်ပုံရိပ်လေးနဲ့ တတ်ရောက်လာပါတယ်..။

ကြည်လင်ရှင်းသန့်တဲ့ သူမရဲ့အသားအရေလေးနဲ့ လိုက်ဖက်လွန်းတဲ့ အဝါရောင်ဂါဝန်တိုလေးကို ရိုးရိုးရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျကျဝတ်ဆင်ပြီး တတ်ရောက်ခဲ့တဲ့သူမကတော့ ချစ်ရတဲ့ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးတွေ့ဆုံဓာတ်ဖမ်းခဲ့ပါသေးတယ်..။

ပွဲတတ်ရောက်ခဲ့တဲ့ပုံရိပ်လေးတွေကိုလည်း သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားပြီး “ဒီကားလေးကြည့်ပြီး ကိုယ်တောင်ယောကျာၤးလေး

လုပ်ပြီး.. နန်းဆန်တဲ့ရွာကို သွားချင်လိုက်တာ ...

သာယာချက်ပဲ ဟီးဟီး..” ဆိုပြီးတော့လည်း ချစ်စဖွယ်လေး ပြောထားပါသေးတယ်..။

အနုပညာလောကမှာအောင်မြင်မှုတွေအခိုင်အမာရရှိထားသလို သာယာပျော်ရွှင်တဲ့အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေတာမို့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာဆယ်လီမင်းသမီးချောလေးတစ်ဦးဆိုလည်း မမှားပါဘူး..။

ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်နေတတဲ့ မင်းသမီးချောလေးဆုအိမ့်စံကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာမို့ ချစ်ရတဲ့ပရိသတ်ကြီးတွေကလည်း ဆုဆုလေးအတွက် အားပေးစကားလေးတွေလည်း ပြောပေးသွားပါဦးနော်..။

Photo - ဆုအိမ့်စံ၊ နေမင်းထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။