Miss Supranational Myanmar 2013 ရဲ့ Winner တစ်ဦးဖြစ်တဲ့ ခင်ဝင့်ဝါတစ်ယောက် သူမရဲ့မြန်မာဆန်ဆန်ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်ထား တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်း တဲ့အပြုံးလေးတွေနဲ့ ကိုကိုပုရိသတွေကို အမြဲတမ်းဖမ်းစားနိုင်ခဲ့သူလေးလည်းဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ " ခေး " လို့ခေါ်ဝေါ်ကြပြီး သူမကိုယ်တိုင်ကလည်း ဒီနာမ်စားလေး ကို အမြတ်တနိုးခံယူခဲ့တာပဲဖြစ်ပါတယ်း။ ပရိသတ်ပေးတဲ့ နာမ်စားလက်ဆောင်လေးပေါ့။

သူမပါဝင်ရိုက်ကူးထားတဲ့ " တိမ်တိုက်တံတား " ရုပ်ရှင်ဇာတ်ကားဟာဆိုရင် ဇူလိုင်လ 13 ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဗီယက်နမ် မင်းသမီးတစ်လက်ဖြစ်တဲ့ ငုရင် ထရန်ဟုရန်မေလည်း ပါဝင်သရုပ်ေ်ဆာင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတေ့ာ သူမက ပင်းတယမြို့ကိုရောက်ရှိ နေတာပဲဖြစ်ပြီး ချစ်စဖွယ်ပုံရိပ်လေးတွေကို ရိုက်ကူးထားတာဖြစ်ပါ တယ်။

သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို " ပန်းလေး တစ်ပွင့် ဖန်ဆင်းပေးခဲ့သူ " အဖြူရောင် ရှမ်းရိုး ရာဝတ်စုံလေးကို ရှမ်းလုံခြည်လေးနဲ့ တွဲဖက်ဝတ် ဆင်ထားတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေး တွေက တကယ်ကိုကြွေချင်စရာပါပဲ။ ပန်းလေးတစ်ပွင့်ကိုင်ပြီး ချစ်စဖွယ် Pose ပေးနေတဲ့ ခေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Khin Wint Wah

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။