မကြာခင်မှာ ရောက်ရှိလာတော့မဲ့ Miss Universe Myanmar 2018 နောက်ဆုံး ဖိုင်နယ် ပြိုင်ပွဲကြီး မရောက်ခင်မှာ ပြည်နယ်ကိုယ်စားပြု အလှမယ်တေါလည် းအသီးသီ ထွက်ပေးလာပြီ ဖြစ်ပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင် ကိုယ်စားပြုအလှမယ် ကိုတော့ အလှမယ်ဟောင်းတစ်ဦး ဖြစ်တဲ့ အမရာငြိမ်းက သရဖူဆောင်းခဲ့တာမို့ သူမအနေနဲ့ နိုင်ငံကိုယ်စားပြု မယ်တစ်ယောက်အနေနဲ့ ကမ္ဘာ့ ပြိုင်ပွဲထိ တက်လှမ်းဖို့ အခွင့်အရေးတစ်ခု ကို ရရှိခဲ့ပြီဖြစ်ပါတယ်။

အမရာငြိမ်း ခေါ် အေးငြိမ်းဆွေ ဟာ Miss Myanmar International 2015 ကိုယ်စားပြုနိုင်ငံ အလှမယ်ဟောင်းတစ်ဦးဖြစ်သလို လက်ရှိမှာတော့ မော်ဒယ်လ် ၊ သရုပ်ဆောင်တစ်ဦးအနေနဲ့ လျှောက်လှမ်းနေသူလည်းဖြစ်ပါတယ်။ Miss Universe East of Yangon 2018 ဆုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တဲ့ သူမကတော့တကယ့်ကို အလှမယ် တစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံပြီး ထိုက်တန်သူ တစ်ယောက်လို့ ဆိုရမှာ ဖြစ်ပါတယ်။

သူမ အနေနဲ့ Miss Universe ဖြစ်လာဖို့ ဟာ သူမ အိမ်မက်တစ်ခု ဖြစ်သလို ဒီ 2018 ခုနှစ်မှာ ပြန်လည် ပြိုင်ပွဲဝင်မယ်လို့ ဆိုခဲ့တဲ့ အတိုင်းပြန်လည် ပြိုင်ပွဲဝင် တာကြောင့် ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ Miss Universe East of Yangon 2018 ကိုယ်စားပြု အလှမယ် တစ်ဦး အနေနဲ့ သူ မ အိမ်မက်တွေ ပြည့်ဝခဲ့ပြီ ဖြစ်သလို သူမ အနေနဲ့ နိုင်ငံကိုယ်စားပြု ရွေးချယ်မဲ့ ဖိုင်နယ် ပွဲကြီးမှာ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားမယ်လိုက ဆိုလိုက်ပါတယ်။

source:Aye Nyein Swe ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။