ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေဆက်တိုက်ပိုင်ဆိုင်ထားနိုင်တဲ့ အောင်လအန်ဆန်းတစ်ယောက်လက်ရှိ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေပါပြီ။ မကြာသေးမီက ယှဉ်ပြိုင်ခဲ့တဲ့ မစ်ဒယ်ဝိတ်ခါးပတ်ချန်ပီယံ ကာကွယ်ပွဲမှာ ပထမဆုံးပြိုင်ဘက်ဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံသား ခန်ဟစဲဂါဝါကို အလဲထိုးအနိုင်ယူနိုင်ခဲ့တာတွေ့ရပါတယ်။  

လက်ရှိ ပျော်ရွှင်စရာမိသားစုဘဝလေးဆီသို့ ပြန်လည်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ဒီကနေ့ အောင်လရဲ့ဖေ့စ်ဘွက်စာမျက်ပေါ်တွင် ဒဏ်ရာတွေနဲ့ ဖခင်ကို အပြုံးတွေဖန်တီးပေးခဲ့တဲ့ အောင်ဒီးလေးရဲ့ ပုံရိပ်လေးတွေကို ပြသထားတာတွေ့ရပါတယ်။  

အဆိုပါ ဓာတ်ပုံလေးနဲ့အတူ အောင်လကတော့ "It’s good to be back with my family. Nothing like seeing my son smile." ဟူ၍ သားလေးရဲ့ အပြုံးကြောင့် ပျော်ရွှင်ခဲ့ရကြောင်း ရေးသားထားတာပဲဖြစ်ပါတယ်။ လေးစားစရာဖိုက်တာကြီးရဲ့ အဓိကအားဆေးတစ်ခုဖြစ်တဲ့ သားဖြစ်သူအောင်ဒီးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Aung La

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။