ပရိသတ်သဘောကျတဲ့ ဖိုက်တင်မင်းသားနေထူးနိုင်တစ်ယောက် နာမည်ကြီးလာတာနဲ့အမျှ Fake Account ဖွင့်ပြီး စနောက်မှုတွေကိုလည်း ခံလာရတာပဲဖြစ်ပါတယ်။ လက်ရှိ ထိုင်း နိုင်ငံမှာ Hot ဖြစ်နေတဲ့ ကလေးဆယ့်သုံးယောက်ရှာပုံတော်မှာ ကလေးတွေပြန်တွေ့ပြီ ဆိုတဲ့ ဝမ်းသာစရာ သတင်းနဲ့ပက်သက်ပြီး " ကွီးနေထူးနိုင်နော် ဂူဝပဲရောက်သေးတယ် ကလေးတွေပြန်တွေ့ကုန်ရော " ဆိုပြီး နောက်ပြောင်ကျီစယ်ကာ တင်ထားတာပဲဖြစ်ပါတယ်။ ဖိုက်တင်မင်းသားတစ်လက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ကျီစယ်မှုကို အမြဲလိုလို ခံရတဲ့ မင်းသား တစ်လက်လည်းဖြစ်ပါတယ်။

ကိုယ်လောျက်လှမ်း နေတဲ့ အနုပညာခရီးလမ်းမှာ ကြိုးစားမှုတွေနဲ့ ရင်းနှီးပြီး ပရိသတ် ကိုအကောင်းဆုံးတွေပဲ ချပြချင်တဲ့ မင်းသားတစ်လက် ဖြစ်တယ်ဆိုတာ နေထူးနိုင်ရဲ့ ရုပ်ရှင် အပေါ်ထားတဲ့ သဘော ထားတွေကို ရေသားတဲ့စာတွေမှာ တော်တော်များများမြင်တွေ့ရပါ တယ်။ ဇနီးဖြစ်သူ ကလည်း တေးစီးရီးတစ်ခွေထွက်ထားပြီး ပရိသတ်တွေကလည်း အားပေး ကြတာကို မြင်တွေ့ရပါတယ်။

ဒီလိုပုံတင်တာတွေနဲ့ပက်သက်ပြီး နေထူးနိုင်တစ်ယောက် သူ့ရဲ့ Account အစစ်မှာ " ဒီအကောင့်သည် ကျွန်တော့်အကောင့်မဟုတ်ပါ " ဆိုပြီး ဖြေရှင်းထားတာဖြစ်ပါတယ်။ နာမည်ကျော်ဆယ်လီတိုင်းလိုလို အကောင့်တုဖွင့်ခံရတာတွေရှိတာမို့ မင်းသားနေထူးနိုင် လည်း အကောင့်အတုနဲ့ စနောက်ခံရတာထင်ပါရဲ့ ပရိသတ်ကြီးရေ။

Photo - Nay Htoo Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။