Hanna Yuri လေးကတော့ ပရိသတ် တော်တော်များများကသိတဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးပဲဖြစ်ပါတယ်။ သူ့ရဲ့မျက်နှာလေးက တကယ်ကို အပြစ်ကင်းစင်လှပြီး တကယ့်နတ်မိမယ်လေးတစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ အသားအရေလေးကလည်း တကယ့်ကို ဖြူဖြူဖွေးဖွေးနဲ့မို့ အရုပ်မလေးလား၊ တရုတ်ကားထဲက မင်းသမီးလေးလားလို့ပင် တွေးရလောက်ပါတယ်။ သူမကိုမြင်သူတိုင်းက အပြစ်ဆိုဖွယ်မရှိလောက်အောင် ချစ်စရာကောင်းလွန်းပါတယ်။

သူမဟာ မိတ်ကပ်ပညာရှင်တစ်ဦးလည်းဖြစ်ပြီး မိတ်ကပ်နဲ့ လှပအောင်ဖန်တီးဲပေးနိုင်သလို တကယ့် ကြောက်စရာပုံမျိုးဖြစ်အောင်လည်း ဖန်တီးပေးနိုင်ပါသေးတယ်။ သူမရဲ့ facebookမှာလည်း တစ်ကယ့်ကြောက်စရာကောင်းတဲ့ မိတ်ကပ်ဖန်တီးမှုတွေကို တင်လေ့ရှိပါတယ်။ ဒါ့ကြောင့်လည်း Yu Riက အခုရုံတင်ပြသနေတဲ့ ''ဝိညာဉ်စိမ်း'' ဇာတ်ကားကြီးမှာလည်း Makeup Artist အဖြစ် ပါဝင်ဖန်တီးပေးထားတာကိုလည်း တွေ့ရပါတယ်။

ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ကြောက်စရာဇာတ်ရုပ်တွေ ပီပြင်အောင် ဖန်တီးထားတာကိုလည်းတွေ့ရပါတယ်။ သူမကိုယ်တိုင်ကလည်း ဒီဇာတ်ကားကြီးအတွက် တကယ့်ကို ရင်ခုန်စွာစောင့်နေခဲ့တာပဲဖြစ်ပါတယ်။ပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အပြင် ပရိသတ်တွေနဲ့ တွေ့ဆုံပြီး အမှတ်တရလက်မှတ်လည်းရေးထိုးပေးခဲ့ပါသေးတယ်။ ဒါ့အပြင်သူမက ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အလှအပနဲ့ပတ်သက်တဲ့ ဆေးရုံဖြစ်တဲ့ ''Damester''ရဲ့Brand Ambassador တစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းပြီးလှနေတဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Source: Hanna Yuri;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။