နည်းပြမော်ရင်ညို လက်ထက်တွင် ပုုံမှန်ပွဲထွက်ခွင့် ရရှိရန် ရုုန်းကန်နေခဲ့ရသော တုုိက်စစ်မှုး မာရှယ်သည် စတုုတ်စီးတီးအသင်းနှင့် သရေကျခဲ့သော ပွဲစဉ်၌ မန်ယူအသင်းအတွက် ပါ၀င်ကစားခွင့် မရှိခဲ့ပေ။ အင်္ဂလန် အခြေစိုုက် သတင်းဌာနများ၏ အဆုုိအရ မာရှယ်သည် မန်ယူအသင်း၏ လေ့ကျင့်ခန်းအစီစဉ် ဓာတ်ပုံုမှတ်တမ်းများ ရုုိက်ကူးရာတွင် ပါ၀င်လာခြင်း မရှိကြောင်းလည်း သိရသည်။

မာရှယ်သည် လက်ရှိ မန်ယူအသင်းတွင် ပုံုမှန်ပွဲထွက်ခွင့် မရပဲ ဖြစ်နေသည်ကုုိ စိတ်ပျက်လျက်ရှိနေပြီး နည်းပြမော်ရင်ညိုနှင့် ၎င်းတုုိ့အကြား ဆက်ဆံရေးမှာ အဖုုအထစ်များ ပုုိမုုိကြီးထွားလာကြောင်း သိရသည်။ ထုုိ့ကြောင့် ချဲလ်ဆီး ပရိတ်သတ်များက တွစ်တာမှ တစ်ဆင့် နည်းပြကွန်တီအား မာရှယ်ကုုိ ခေါ်ယူပေးရန် တုုိက်တွန်းမှုများ ပြုလုုပ် သွားခဲ့ကြောင်း သိရသည်။ ပြောင်းရွေ့ကြေး ပေါင် ၅၇.၆ သန်း အထိ ကုုန်ကျခဲ့ရသော မာရှယ်သည် နည်းပြဗန်ဟားလ်လက်ထက်တွင် ပုံုစံကောင်းများ ရရှိခဲ့သော်လည်း လက်ရှိ ပွဲထွက်ခွင့် နည်းပြသည်က တစ်ကြောင်း၊ ပုံုမှန်ပွဲထွက်ခွင့် မရခဲ့သည့်အတွက် ပုံုမှန်ခြေစွမ်းမပြနုုိပဲ၊ လူနေမှုဘဝတွင်လည်း အိမ်ထောင်ရေး ပြဿများဖြင့် ရင်ဆုုိင်ခဲ့ရသူဖြစ်သည်။ စတုုတ်စီးတီးအသင်းနှင့် ပွဲစဉ်တွင် မာရှယ် ပါ၀င်လာနုုိင်ခဲ့ခြင်း မရှိသည်ကုုိ သတင်းထောက်များက နည်းပြမော်ရင်ညိုကုုိ မေးမြန်းခဲ့ရာ - “မာရှယ်မပါတာ ကျွန်တော် မရွေးခဲ့လိုု့ပါ” ဟုု ဖြေကြားသွားခဲ့သည်။

#AZL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။