Running Man ဟာရနှစ်တိုင်တိုင် အမာခံပရိသတ်တွေများစွာနှင့် ရပ်တည်ခဲ့တဲ့ ရှိုးတစ်ခုပဲဖြစ်ပါတယ်။ တစ်ကမ႓ာလုံးမှာ ကြည့်ရှုသူအမြောက်အများရှိခဲ့ပြီး အဖွဲ့ဝင် ခြောက်ယောက်လုံးကလဲ မိသားစုအမျှခင်မင်ကြတဲ့သူပါ။ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အခတ်အခဲတွေကြောင့် အဖွဲ့သား ခြောက်ယောက်ရဲ့ ဆုံးဖြတ်ချက်အရ Running Man ကို ဖျက်သိမ်းမယ်လို့ ကြေငြာခဲ့တဲ့အတွက်ကြောင့် Runners အပေါင်းကြေကွဲခဲ့ရတယ်ဆိုရင်လဲမမှားပါဘူး။

စောစောပိုင်းတုန်းက ဆုံးဖြတ်ချက်မှာတော့ Running Man ကို ၂၀၁၇ ဖေဖော်ဝါရီလမှာ ဖြတ်သိမ်းမယ်လို့ကြေငြာခဲ့ပါတယ်။ ဂျီဟို နှင့် ဂျွန်းကွတ်ကို မထိမဲ့မြင်ဆက်ဆံခဲ့တဲ့ အတွက်ကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်မှုတွေ ဝမ်းနည်းမှုတွေ ကြောင့် ဒီဆုံးဖြတ်ချက်ကို ချခဲ့သော်လည်း Running Man ကို စတင်ဖန်တီးခဲ့တဲ့ SBS ရဲ့ Chief ဖြစ်သူ Nam Seung Yong ကိုယ်တိုင်က အဖွဲ့သားတစ်ယောက်ချင်းစီကို ခေါ်ကာ ဖြောင့်ဖြခဲ့ပြီးတောင်းပန်ခဲ့တယ်လို့သိရပါတယ်။

အဖွဲ့သားတွေဖြစ်တဲ့ ဂျယ်ဆော့၊ ကွမ်ဆူး၊ ဟားဟား၊ ဆော့ဂျင်း၊ ဂျီဟို၊ ဂျွန်းကွတ်တို့က သူတို့ရဲ့ ပရိသတ်တွေအတွက်ပါထည့်သွင်းစဉ်းစားပေးခဲ့ပြီး SBS Chief ကိုယ်တိုင်ရဲ့ တောင်ပန်မှု ဆွေးနွေးတိုင်ပင်မှုအတွက်ကြောင့် ဆက်လက်ရိုက်ကူးမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့အနေနှင့်လည်း ၇ နှစ်တိုင်တိုင် ရိုက်ကူးခဲ့တဲ့ ရှိုးကို လွယ်လွယ်နှင့် မစွန့်လွှတ်ချင်တဲ့ အတွက်ကြောင့် လည်းဖြစ်ပါတယ်။ Runners တွေအတွက်တော့ သတင်းကောင်းပေါ့နော်။

Source : koreaboo

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။