(၂၃-၁-၂၀၁၇)ရက်​​နေ့(၁၆၀၀)အချိန်​ခန်​့ တနင်္သာရီတိုင်​း​ဒေသကြီး၊ မြိတ်​ခရိုင်​၊ တနင်္သာရီမြို့နယ်​၊ ဘန်​းလမွတ်​​ကျေးရွာအုပ်​စု၊ ရမ်​းဖို​ကျေးရွာ​နေ ဦး​မောင်​​ထွေး (၂၇)နှစ်​၊(ဘ)ဦးဘုန်​းစိန်​၊ ဥယာဉ်​ခြံလုပ်​ကိုင်​သူ၏ ဥယာဉ်​ခြံဝင်​းအတွင်​း (၁၈×၉)​ပေ၊ ဝါးထရံကာ၊ ဓနိမိုး၊ ဝါးကြမ်​းခင်​း၊ ​မြေစိုက်​​နေအိမ်​ မီး​လောင်​မှုဖြစ်​ပွား​ကြောင်​း သတင်​းအရ တနင်္သာရီမြို့နယ်​ မီးသတ်​ဦးစီးမှူး ဦးဦးမျိုးမျိုးနိုင်​ ဦးစီး မီးသတ်​တပ်​ဖွဲ့ဝင်​များနှင်​့ အရံမီးသတ်​တပ်​ဖွဲ့ဝင်​များ၊ တနင်္သာရီမြို့မရဲစခန်​းမှ ဒုစခန်​းမှူး ရဲအုပ်​ ​မောင်​​မောင်​ ဦးစီး တပ်​ဖွဲ့ဝင်​များ၊ ​ကျေးရွာသူ/ရွာသားများ မှဝိုင်​ဝန်​းငြိမ်​းသတ်​ခဲ့ရာ (၁၆၃၅)အချိန်​ မီးငြိမ်​းသွားခဲ့​ကြောင်​း မီး​လောင်​မှု​ကြောင်​့ နေအိမ်တစ်လုံးမီးလောင်ပြာကျခဲ့ပြီး တန်​ဖိုး (၈၁၀၀၀)ကျပ်​ဆုံးရှုံးခဲ့​ကြောင်​းသိရသည်​။

မီး​လောင်​မှုနှင်​့ပတ်​သက်​၍ စစ်​​ဆေးရာ အိမ်ရှင်ဖြစ်သူ ဦး​မောင်​​ထွေးနှင်​့ဇနီးဖြစ်​သူ ​ဒေါ်တင်​ယု​ဝေတို့သည်​ ယ​နေ့ (၀၈၀၀)အချိန်​ ရမ်​းဖို​ကျေးရွာမှ မြိတ်​မြို့သို့ ​စျေးဝယ်​ရန်​ ထွက်​ခွာသွားခဲ့​ကြောင်​း စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့သဖြင့် ဆက်​လက်​စုံစမ်​းရာ တစ်​ရွာတည်​း​နေ ဦး​မောင်​​ထွေး၏ အစ်​ကိုဖြစ်​သူ ဦး​ကျော်​လှ(၃၄)နှစ်​၊ (ဘ)ဦးဘုန်​းစိန်​သည်​ လွန်​ခဲ​သောနှစ်​ရက်​ခန်​့က မိသားစုကိစ္စနှင်​့ စကားများရန်​ဖြစ်​ခဲ့​ကြောင်​း စုံစမ်​းသိရှိရ၍ ဦး​ကျော်​လှအား စစ်​​ဆေးရာ ၄င်​းသည်​ ညီဖြစ်​သူ ဦး​မောင်​​ထွေးနှင်​့ စကားများထားမှု အ​ပေါ် အငြိုးထား၍ ဂစ်​မီးခြစ်​ဖြင်​့ ​နေအိမ်​အားမီးရှိုခဲ့​​မှုအား စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့​ကြောင်​သိရှိရသည်​။

အဆိုပါမီးရှို့မှုနှင်​့ပတ်​သက်​၍ ​နေအိမ်​အား မီးနှင့်​ရှိုသူ ​ကျော်​လှအား အ​ရေးယူ​ပေးပါရန်​ (၁၉၄၀)အချိန်​ မီးသတ်​ဦးစီးမှူး ဦးမျိုးမျိုးနိုင်​မှ တရးလိုပြုလုပ်​တိုင်​တန်​းသဖြင်​့ တနင်္သာရီမြို့မရဲစခန်​း (ပ)၁၉/၂၀၁၇၊ ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ ၄၃၆ အရအမှုဖွင်​့လှစ်​ပြီး အမှုအား ရဲအုပ်​​မောင်​​မောင်​မှ စစ်​​ဆေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်​သိရသည်​။

မြိတ်​ခရိုင်​သတင်​းနှင်​မှုခင်​းမီဒီယာ

#Edkza@Photo Crd

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။