အဆိုတော် ရွှေထူးကတော့ R & B ၊ RAp ၊ ပေါ့ခ် သီချင်းတွေနဲ့ ပရိသတ်တွေ ရဲ့ အချစ်ကို သိမ်းပိုက်ပြီး အောင်မြင်လာခဲ့သူပါ။ လက်ရှိမှာတော့ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ အပေါ် ခုဆို ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ ရွှေထူးရဲ့ ပထမဆုံး ရုပ်ရှင်ကတော့"ပက်ပက်စက်စက် ညို့ " ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး မင်းသမီး မိုးစက်ဝိုင်၊ နေတိုး နဲ့ အတူ ရိုက်ကူးခဲ့ပြီး သရုပ်ဆောင် လောကမှာပါ နေရာရရှိလာတာဖြစ်ပါတယ်။

ရွှေထူးရဲ့ ဒုတိယ ရုပ်ရှင်အနေနဲ့ " နှလုံးသားတံခါးကို ဝင်ချည်ထွက်ချည်လုပ်ခဲ့တဲ့ ဧည်သည့် "ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ထိပ်တန်းမင်းသမီး ရွှေမှုန်ရတီ ၊ နေခြည်ဦး နဲ့ အတူ မင်းသာချော ဖြိုးငွေစိုးနဲ့ အတူ ရိုက်ကူးခဲ့ပြီး ဖြစ်သလို လက်ရှိမှာတော့ ပရိသတ်တွေ စိတ်ဝင်စားမှု အများဆုံး ဖြစ်နေပါတယ်။ယခုလက်ရီ ရိုက်ကူးနေတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကား ကြီးကတော့ ပြည်သူချစ် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည် နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး အဆိုတော် ရွှေထူးတစ်ယောက် သရုပ်ဆောင်လောကမှာပါ ခြေလှမ်းစိတ်လာတယ်လို့ဆိုရမှာပါ။

လတ်တလောမှာ ရုပ်ရှင်ရိုက်ကူးမှုတွေ ဆက်တိုက် လုပ်ဖြစ်နေတဲ့ တေးသံရှင်/သရုပ်ဆောင် ရွှေထူးဟာ ရုပ်ရှင်တွေ ရိုက်ကူးမှု များနေတာကြောင့် သီချင်းဖန်တီးမှု အပိုင်းမှာ အားလျော့သွားမှာကို ပရိသတ်တွေအနေနဲ့ မစိုးရိမ်စေလိုဘူးလို့ ဆိုလိုက်ပါတယ်။ သူ့မှာ သီချင်းအသစ်တွေ ဖန်တီးထားတာတွေ အများကြီး ရှိလို့ မကြာခင်မှာ ချပြသွားဖို့ ရှိတယ် လို့ ဆိုလိုက်ပါတယ်။ရွှေထူးရဲ့ လက်ရှိ အချစ်ရေးကတော့ Single ဖြစ်သလို မိုးစကိဝိုင်နဲ့ လိုက်ဖက်တဲ့ စုံတွဲလေးအဖြစ် တွေ့မြင်ရတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေလိုက်ရပါတယ်။

source: shew htoo ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။