ပရိသတ်အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ အနုပညာရှင်ဆယ်လီနှစ်ဦးဖြစ်တဲ့ မင်းသမီးချောဆုပန်ထွာနဲ့ မင်းသားချောလေးဇေရဲထက်တို့ကိုတော့ လိုက်ဖက်ညီတဲ့ မနဲ့မောင်စုံတွဲလေးအဖြစ် ပရိသတ်တွေမြင်တွေ့ရတော့မှာ ဖြစ်ပါတယ်..။

ချစ်စရာကောင်းပြီး ကျွမ်းကျင်ပီပြင်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ သူတို့အနုပညာမောင်နှမနှစ်ယောက်ကတော့ မနဲ့မောင်စုံတွဲလေးအဖြစ် ပရိသတ်တွေကို အချစ်ပိုစေပြန်တာ ဖြစ်ပါတယ်..။

လိုက်ဖက်ညီတဲ့မနဲ့မောင်စုံတွဲအဖြစ် ပရိသတ်တွေမြင်တွေ့ရမယ့် ပန်ပန်တို့အနုပညာမောင်နှမနှစ်ယောက်ကတော့ VCD ရှုတင်အတွက် ဇွန်လ(၃)ရက်နေ့က ရိုက်ကူးသရုပ်ဆောင်ပေးနေကြတာပဲ ဖြစ်ပါတယ်..။

ဆံပင်အရှည်လေးနဲ့ မဟာဆန်ဆန်လှနေတဲ့ ပန်ပန်ရဲ့ ပုံရိပ်လေးတွေကတော့ ဟိုးအရင်အနုပညာလောကထဲကို ဆံပင်ရှည်ရှည်လေးနဲ့ စတင်ဝင်ရောက်ခဲ့တဲ့အချိန်တွေကို ပြန်လည်အမှတ်စေမိပြန်ပါတယ်..။

ပန်ပန်လို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အချစ်တော်မင်းသမီးချော ဆုပန်ထွာကတော့ အနုပညာဘောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေကို အခိုင်အမာရရှိထားသလို သားဦးလေးကို မွေးဖွားထားပြီး သာယာပျော်ရွှင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ အိမ်ထောင်ရှင်မလေးတစ်ဦးလည်း ဖြစ်ပါတယ်..။

နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော် မင်းသားချောလေးဇေရဲထက်ကလည်း အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေပြီး သူ့ရဲ့အမိုက်စားရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ရာဇဝင်ရိုင်းခဲ့သည်” ဇာတ်ကားဟာလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်..။

Photo - ပန်ပန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။