ခေတ်နဲ့သစ်ကတော့ အဆိုတော့ ချစ်သုဝေနဲ့ အဆိုတော်လင်းလင်းတို့ရဲ့ချစ်စရာ သမီး အမြွှာလေး နှစ်ယောက်ဘဲ ဖြစ်ပါတယ် ။ ခေတ်နဲ့သစ်က တော့ ပြည့်သူ့အချစ်တော် ဆယ်လီ ကလေးလေးတွေဖြစ်ပြီး သူတို့နှစ်ယောက်ကို ပရိသတ်တွေရော အနုပညာရှင် အသိုင်းဝိုင်းကပါ အရမ်းချစ်ကြရတဲ့ ကလေးတွေဘဲဖြစ်ပါတယ် ။ ဒီနေ့မှာတော့ မေမေ ချစ်သုဝေတစ်ယောက် ခေတ်နဲ့သစ်ကို အသုံးချပြီး အမြတ်ထုတ်ဖို့ကြိုးစားနေတဲ့သူတွေကို သူမရဲ့မိသားစုလေးကို အနှောက်ယှက်ကင်းကင်းနေချင်ပါတယ်လို့ ဆိုလာပါတယ် ။

အကြောင်းရင်းတော့ Chit Thu Wai Family ဆိုတဲ့ Page ကနေ ကလေးတွေပုံကိုတင်ပြီး Online Shopping သဘောမျိုး ပစ္စည်းတွေရောင်းချနေတာကို တွေ့လို့ အခုလိုပြောရခြင်းဖြစ်ပါတယ် ။ဒါမျိုးကျတော့ ချစ်လို့ခင်လို့မဟုတ်ပဲ ကလေးတွေကို အသုံးချ အမြတ်ထုတ်တယ်လို့ မြင်ပါတယ်လို့သူမကပြောခဲ့ပါတယ် ။

လူတွေဟာ စည်းကမ်းရော ကိုယ်ကျင့်တရားရော ပျက်ယွင်းလာကြတာ စိတ်မကောင်းစရာ ကောင်းပါတယ်။

သူမ တင်မဟုတ်ဘဲ သူမ ကလေးတွေကိုပါ အဲ့လိုလုပ်ရပ်မျိုးလုပ်တာ မလွန်လွန်းဘူးလားလို့ လည်းမေးထားပါတယ် ။

"ကလေးတွေကိုချစ်ရင်လေ ကျွန်မ မချစ်သုဝေ trezaသည်

ဒီ accountတစ်ခုတည်းသုံးပါတယ်နော်..ဘာpageမှ မသုံးပါဘူး...

ဘယ်pageမှအစစ်မဟုတ်ပါလို့ ...စည်းမရှိဘောင်မရှိ ကလေးတွေကိုအသုံးချ စီးပွားအမြတ်ထုတ်ချင်သူများထောင်ထားကြတာပါလို့...

ကိုယ့်မိတ်ဆွေတွေထဲက မသိပဲ likeလုပ်ထားသူများ သတိပါနော် " လို့သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့်ရေးသားခဲ့ပါတယ် ။

သူမဟာ မိသားစုလေး အနှောက်အယှက်ကင်းကင်း စိတ်ချမ်းသာစွာနေချင်ပါတယ်တဲ့ ။

Reportလုပ်တောင်ပျက်ပါ့မလားမသိ.လို့ လည်း စိတ်ပူနေပါတယ် ။ ခေတ်လေးနဲ့သစ်လေး ကို ချစ်တဲ့ ပရိသတ်ကြီးလည်း ကလေးတွေကိုချစ်ရင် ဒီလို ခေတ်နဲ့သစ်ကို အသုံးချပြီး အမြတ်ထုတ်စီးပွားရေးလုပ်ဖို့ကြံနေတဲ့ Page ကို ဝေးဝေးကရှောင်ဖို့ မျှဝေပေးလိုက်ပါတယ်နော် ။

Source : Chit Thu Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။