ပရိသတ်အချစ်တော်မင်းသမီးချောလေး မေပန်းချီကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်အားပေးမှုများစွာရရှိလာသူတစ်ယောက်လည်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ဟန်ပန်လေးက ပရိသတ်တွေကိုဖမ်းစားစေခဲ့တာပါ။

ယခုအခါမှာလည်း ဂျင်းဖက်ရှင်လေးနဲ့ အလှကြီးလှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ဓာတ်ပုံလေးတွေကတော့ တကယ့်ကိုစမက်ကျကျ ဖက်ရှင်လေးနဲ့ လှသွေးကြွယ်နေတာကို တွေ့ မြင်ရပါတယ်။

သူမကတော့ လက်ရှိမှာ ကလောမြို့ကိုရောက်ရှိနေပြီး ရုပ်ရှင်ရိုက်ကူးရေးတွေကိုလည်း အဆက်မပြတ်ရိုက်ကူးနေတယ်လို့လည်းသိရပါတယ်။ဂျင်းဖက်ရှင်လေးနဲ့ လှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေသဘောကျမိမယ်လို့လည်းထင်ပါတယ်။သူမကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း သူမအတွက် အားပေးစကားလေးတွေပြောခဲ့ကြပါအုံးနော်...

သတင်းအရင်းအမြစ်-မေပန်းချီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။