ဇူလိုင်လ ၁ရက်နေ့ကထိုင်းနိုင်ငံရဲ့အကြီးဆုံးထီကြီး ဖွင့်လှစ်လိုက်ပြီး ကံထူးရှင်ကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား ဆိုင်ကောဆိုသူဖြစ်ပါတယ်။ထိုင်းထီ ဘတ်ငွေ၆သန်းဆုကို ကံထူးသူက အသက် ၃၂နှစ်အရွယ်ရှိသူ ဆိုင်ကောဆို သူဖြစ်တယ်လို့ထိုင်း သတင်းစာဖြစ်တဲ့ Sanookမှာ အတိအကျ ဖော်ပြထားပါတယ်။

သူကတော့ ထိုင်းနိုင်ငံ မှာ ၁၀နှစ်ကျော်ကြာ နေထိုင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ရယောင်းမြို့ မှာတရားဝင်နေထိုင်ပြီး လျှပ်စစ်ဝန်ထမ်း အလုပ်သမားအဖြစ် ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေသူလဲဖြစ်ပါတယ်။အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမား ဆိုင်ကောဆိုသူပေါက်တဲ့ထီ ဖြစ်တဲ့ထိုင်းဘတ်ငွေ ၆သန်းဟာ မြန်မာကျပ်ငွေ သိန်း၂၅၀၀ခန့်နဲ့ညီပါတယ်။

ဆိုင်ကောဆိုသူ ရဲ့ထီလက်မှတ်ကိုလဲသက်ဆိုင်ရာမှာ တိုက်စစ်ပြီးပြီဖြစ်ကြောင်းပြောထားပါတယ်။မြန်မာရွှေပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ အများဆုံးသွားရောက်လုပ်ကိုင်နေပြီး မြန်မာရွှေပြောင်းအလုပ်သမားတွေအနေဖြင့် ထိုင်းထီတွေမကြာခဏပေါက်ကြပါတယ်။အခုတော့ ဆိုင်ကောဆိုသူက မိမိမွေးရပ်မြေကို အေးအေးဆေးဆေးနဲ့ငွေထုပ်ထမ်းပြီး ပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

source: Sanook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။