လမ်းမခွဲကြေးသီချင်းနဲ့ ပရိသတ်တွေ ရဲ့အားပေးမှုကိုအပြည့်ဝရခဲ့တဲ့ အေသင်ချိုဆွေ တစ် ယောက်ကတော့ အနုပညာလောက ကနေ အချိန်အတော်ကြာ ပျောက်ကွယ်နေရာမှ အခုဆိုရင် အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်နေပြီဘဲ ဖြစ်ပါတယ် ။ ခုလို အနုပညာ အလုပ်တွေနားထားရတဲ့အကြောင်းရင်းကတော့ သူမရဲ့ ခန္ဓာကိုယ်ကအရမ်းကို ဝလာတာ ကြောင့်ဖြစ်ပြီး အခုတော့ လေ့ကျင့်ခန်းတွေလုပ်ပြီး အရင်ခန္ဓာကိုယ်လေး ပြန်ရနေပြီဖြစ် ပါ တယ် ။

သူမဟာ သူမအခုလိုအနုပညာအလုပ်တွေ ရပ်နားပြီး အရမ်းဝလာတဲ့အချိန်မှာ သူ့မှာအနား မှာ ဘယ်သူမှမရှိလို့ အရမ်းစိတ်ဓာတ်ကျခဲ့ရပါတယ်တဲ့ ။ သူမ အနေနဲ့အားလုံးနဲ့ဝေးနေ တဲ့အချိန်မှာ သူမချစ်ရတဲ့ သူမရဲ့ချစ်သူကတောင် သူမကို ထားသွားခဲ့တဲ့အတွက် လူတွေ အကြောင်းကို ကောင်းကောင်းကြီးနားလည်သွားပြီလို့သူမကဆိုပါတယ် ။ အခု တော့ လေ့ကျင့်ခန်းတွေ လုပ်ပြီး အရင် ခန္ဓာကိုယ်လေးပြန်ရနေပြီဖြစ်တဲ့သူမက အနုပညာအလုပ် တွေ ပြန်လည်လုပ်ကိုင်နေပါပြီ ။ အရင်လို အသည်းကွဲသီချင်းတွေ မဆိုတော့ဘူးလို့ပြောခဲ့တဲ့ သူမ က " အသည်းကွဲသီချင်းတွေ မဆိုတော့ဘူး " ဆိုတဲ့သီချင်းသစ်ကို သူမရဲ့လူမှု ကွန် ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကိုမျှဝေထားပါတယ် ။

နောက်ထပ်နင့်ကြောင့်ဘယ်တော့မှ အသည်းမကွဲတော့ဘူးဆိုတဲ့ အမိုက်စားစာသားတွေ ပါဝင်တဲ့သူမရဲ့သီချင်းအသစ်လေးကတော့ ပရိသတ်တွေအကြိုက်တွေ့စေဦးမှာပါ ။ အေသင်ကို ချစ်တဲ့ပရိသတ်ကြီးလည်း သူမရဲ့ အသည်းကွဲသီချင်းတွေမဆိုတော့ဘူးဆိုတဲ့ သီချင်းကို အားပေးလို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ် ။ ရှေ့ဆက်လျှောက်မယ့် သူမ အနုပညာတွေကိုလည်း အားပေးကြလိုက်ကြရအောင်နော် ။

Source : Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။