အဆိုတော်အာဇာနည်ကိုတော့ ချစ်ပရိသတ်ကြီးချစ်မယ်ဆိုတာသိပါတယ်။အဆိုတော်အာဇာနည်ကတော့ ချစ်ပရိသတ်တွေရဲ့ရင်ထဲမှာရာစုနှစ်တစ်နှစ်စာလောက်နေရာယူထားတဲ့ ပရိသတ်တွေရဲ့အသည်းကျော်အဆိုတော်ကြီးပဲဖြစ်ပါတယ်။ပရိသတ်အချစ်တော် အာဇာနည်ကတော့ အနုပညာအလုပ်တွေကနေ အနားယူနေပြီး ခရီးတွေထွက်နေတယ်လို့လဲသိရပါတယ်။

အာဇာနည်ကတော့" Happy ChaungThar Trip သူငယ်ချင်းတွေအားလုံး Tq ကိုKhin Aung+မLai Lai Aye (မန္တလာမင်း) Tq ကိုSoe Thet Aung+အမ (Akariz Resort) "ဆိုပြီးပြောထားပါတယ်။အာဇာနည်ကတော့ ယခုမှာချောင်းသာကိုရောက်ရှိနေပြီး မိသားစုနဲ့အတူကမ်းခြေမှာအပန်းဖြေနေပါတယ်။အာဇာနည်ရဲ့သားလေးကတော့ ကမ်းခြေမှာမြင်းပတ်စီးနေရလို့ အရမ်းပျော်နေပါတယ်။ 

သူတို့မိသားစု ကမ်းခြေမှာ အရမ်းပျော်နေကြတယ်ဆိုတာ အဆိုပါပုံလေးတွေက သက်သေပြနေပါတယ်။ကမ်းခြေကို အာဇာနည်ရဲ့သားအငယ်လေးလဲပါလာပြီး သားအငယ်လေးကအစ ပြုံးပျော်နေပါတယ်။ ချစ်ပရိသတ်ကြီးအတွက် အဆိုတော်အာဇာနည်တို့မိသားစုရဲ့ ကမ်းခြေမှာအပန်းဖြေနေတဲ့ကြည်နှုးစရာပုံလေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျျဝေပေးလိုက်ပါတယ်။

source: Rzarni

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။