Dua Lipa ကတော့ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်ကို ဖမ်းစားနိုင်တဲ့ အဆိုတော်တစ်ဦးပါ။ သူမရဲ့ သီချင်းတော်တော်များများကိုလည်း ပရိသတ်အကြိုက်တွေ့အောင် သီဆိုနိုင်တာကိုလည်းတွေ့ရပါတယ်။ သီချငိးဆိုကောင်းသလို သူမရဲ့ ရုပ်ရည်ကလည်းတကယ်ကို ဆွဲဆောင်မှုရှိပြီၤး ဖက်ရှင်အမိုက်စားနဲ့မို့ တစ်ကမ္ဘာလုံးကသိတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ လန်ဒန်နိုင်ငံသူတစ်ဦးဖြစ်ပါတယ်။သူမကို ၁၉၉၅၊ သြဂုတ်လ၊ ၂၂ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။

သူမအနေနဲ့ သီချင်းတွေအများအပြားသီဆိုခဲ့သလို တေးအယ်ဘမ်တွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမရဲ့ ထွက်ရှိပြီးတဲ့ သီချငိးတော်တော်များများက ပေါက်ခဲ့ပြီး Billboard မှာလည်းနေရာယူနိုင်ခဲ့ပါတယ်။ သူမက သီချင်းတွေကိုပါဝါအပြည့်နဲ့ သီဆိုတတ်သလို သူမရဲ့ သီချင်း MTVတွေမှာလည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ပါတယ်။ သူမရဲ့ MTVတွေမှာလည်း တကယ့်ကို အမိုက်စားရိုက်ချက်တွေနဲ့ ရိုက်ထားပြီး အောင်မြင်မှုတွေလည်းရရှိခဲ့ပါတယ်။ သူမက ၂၀၁၅လောက်ကစပြီး သီချင်းတွေဆက်တိုက်ထုတ်ခဲ့တာကလည်း ယခုထိဖြစ်ပါတယ်။

သူမက Pop songတွေအပြင် EDM Song တွေကိုလည်းသီဆိုပါသေးတယ်။ ၂၀၁၇မှာထွက်ရှိခဲ့တဲ့ DJ Martin Garrix နဲ့ ''Scared to be lonely'' ဆိုတဲ့ သီချင်းကလည်း ပရိသတ်အားပေးမှုတွေပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုနောက်ဆုံးအနေနဲ့လည်း DJ Calvin Harris နဲ့ '' One Kiss" ဆိုတဲ့ သီချင်းကလည်း တစ်ကယ့်အောင်မြင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သူမရဲ့ ရိူးပွဲတွေကိုလည်း နိုင်ငံတကာမှာပြုလုပ်ပြီးအောင်မြင်နေတဲ့သူဖြစ်ပါတယ်။ အခုလည်း ဖျော်ဖြေပွဲတစ်ခုမှာ ပရိသတ်တွေနဲ့ ပျော်ရွှင်စွာ ဖျော်ဖြေနေတဲ့ သူမရဲ့ အမိုက်စားပုံရိပ်တွေကို ပရိသတ်ကြီးအတွက်ဖော်ပြလိုက်ပေးလိုက်ပါတယ်။

Source: Dua Lipa;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။