မ​နေ့ညကပွဲမှာ စတုတ္ထဒိုင်အန်​တိုနီ​တေလာကို တွန်​းထိုးခဲ့တဲ့လုပ်​ရပ်​အပြင်​ မ​လျော်​ကန်​တဲ့ အပြုအမူများကို ကျူးလွန်​ခဲ့တဲ့ အာစင်​းကို FA က စွဲချက်​တင်​လိုက်​ပြီ ဖြစ်​ပါတယ်​။

အာစင်​းဟာ အဆိုပါပွဲရဲ့ ​နောက်​ဆုံးမိနစ်​​တွေမှာ ကွင်​းလယ်​ဒိုင်​ရဲ့ ဆုံးဖြတ်​ချက်​​တွေနဲ့ပတ်​သက်​ပြီး ​ဒေါသထွက်​​ပေါက်​ကွဲခဲ့တာ​ကြောင်​့ ကွင်​းအတွင်​းမှ ထုတ်​ပယ်​ခြင်​း ခံခဲ့ရပါတယ်​။

အဲဒီ​နောက်​ ကွင်​းတွင်​းဥမင်​အဝမှာ စတုတ္ထဒိုင်​အန်​တိုနီ​တေလာကို တွန်​းထိုးခဲ့တဲ့အပြင်​ ရင်​့သီးတဲ့စကားများနှင်​့လည်​း ​အော်​ဟစ်​​ပြောဆိုခဲ့တာ​ကြောင်​့ FA က အ​ရေးယူဖို့ စွဲချက်​တင်​လိုက်​ခြင်​း ဖြစ်​ပါတယ်​။

အာစင်​းအ​နေနဲ့ ယင်​းစွဲချက်​ကို ယခုလ (၂၆)ရက်​​နေ့ ည​နေ (၆)နာရီ​နောက်​ဆုံးထားကာ ထု​ချေရမှာဖြစ်​ပြီး အဲဒီ​နောက်​မှ FA က ပြစ်​ဒဏ်​ချမှတ်​သွားမယ်​လို့ သိရပါတယ်​။

အဆိုပါလုပ်​ရပ်​​တွေနဲ့ပတ်​သက်​ပြီး ပွဲပြီးသတင်​းစာရှင်​းလင်​းပွဲမှာ အာစင်​းက ပြန်​လည်​​တောင်​းပန်​ခဲ့​ပေမယ်​့ ပွဲပယ်​ပြစ်​ဒဏ်​အ​မြောက်​အများ ကျခံရဖွယ်​ရှိတယ်​လို့ မီဒီယာ​တွေက ​ဖော်​ပြ​နေကြပါတယ်​။

Ref: Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။