ဘာဘီအရုပ်မလေးလိုချစ်ဖို့ကောင်းလွန်းတဲ့ နန်းဆုတစ်ယောက် Korea နိုင်ငံကို ချစ်သူဖြစ် တဲ့ G-Fatt နဲ့အတူ အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ချစ်သူနဲ့အတူ သွားရတဲ့ ခရီးတိုင်းဟာ တကယ့်ကိုပျော်စရာကောင်းတဲ့ ခရီးတွေပါပဲ။ ချစ်ရတဲ့သူနဲ့အတူ လက်တွဲပြီး ကမ္ဘာအနှံ့ခရီးတွေ ထွက်ရတယ်ဆိုတာ ဘယ်လောက်များပျော်စရာကောင်းလိုက်တဲ့ အဖြစ်ပါလဲပရိသတ်ကြီးရေ။

သူမတို့နှစ်ယောက်ရဲ့အချစ်သက်တမ်းဟာလည်း တစ်နှစ်ကျော်ကာလကိုတိုင်ခဲ့ပြီဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုလည်း နှစ်ယောက် အတူ ရရှိထားပြီးသားဖြစ်ပါ တယ်။ အဆိုတော် G-Fatt ကလည်း သူ့ရဲ့သံစဉ်လေးတွေမှာ နန်းဆုအတွက် ထည့်သွင်း ရေးစပ်ပြီး ချစ်ရတဲ့မမကို အပြတ်အသတ်ခြွေနေတာပဲဖြစ်ပါတယ်။

နှစ်ယောက်သားလက်ရှိမှာတော့ ကိုရီးယားနိုင်ငံကိုရောက်ရှိနေပြီး နန်းဆုရဲ့ သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို " Morning everyone လည်လည်သွားတော့မယ် " ဆိုပြီးတင် ထားတာဖြစ်ပါ တယ်။ တစ်ယောက်နဲ့သိပ်ချစ်ကြပြီး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ အရမ်းကို ရိုလွန်းတဲ့ သူမတို့အတွဲလေးကတော့ ပရိသတ်တွေရဲ့ Idol Couple ပါပဲ။ ကိုရီးယားနိုင်ငံရဲ့ အလှအပတွေနဲ့ နန်းဆုရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။