ဆယ်စုနှစ်များကတည်းက ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိထားတဲ့ အူဝဲလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အချစ်တော်မင်းသမီးချော အိန္ဒြာကျော်ဇင်ကိုတော့ တည်ငြိမ်ရင့်ကျက်တဲ့အလှပုံရိပ်လေးတွေနဲ့ ထပ်မံမြင်တွေ့ရပြန်ပါတယ်..။

ယနေ့အချိန်ထိ အရွယ်တင်လှပနုပျိုနေတဲ့ မင်းသမီးချောအိန္ဒြာကျော်ဇင်ကတော့ အခုတစ်ခါမှာလည်း အနီရောင်ရဲရဲ မဟာဆန်ဆန် မြန်မာဝတ်စုံဖက်ရှင်လေးနဲ့ အလှကြီးလှနေတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကိုတော့ အချစ်ပိုဖမ်းစားလိုက်ပြန်တာပါပဲနော်..။

မဟာဆန်ဆန်လှနေတဲ့ အားလုံးရဲ့အချစ်တော် အိန္ဒြာကျော်ဇင်ကတော့ ယနေ့မနက်ပိုင်းက ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကန်တော့ပေးပွဲ အခမ်းအနားပွဲလေးကို အေးချမ်းတဲ့အလှတရားတွေနဲ့အတူ တတ်ရောက်ခဲ့တာဖြစ်ပါတယ်..။

မြန်မာမှုပုံရိပ်လေးတဲ့ အလှကြီးလှနေတဲ့ သူမရဲ့အခမ်းအနားပွဲတတ်ပုံရိပ်လေးတွေကိုတော့ Ria Bo Vich က ချစ်စဖွယ်လေးရိုက်ကူးပေးထားပြီး ချစ်ရတဲ့ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

အားလုံးရဲ့အချစ်တော် အူဝဲကတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ မင်းသမီးချောတစ်ဦးဖြစ်သလို လက်တွေ့ဘဝမှာလည်း သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်နေသူလေးလည်း ဖြစ်ပါတယ်..။

ကျွမ်းကျင်ပီပြင်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ချိုမြိန်ပြီးဆွဲဆောင်မှုရှိတဲ့ အပြုံး၊ အရွယ်တင်နုပျိုနေတဲ့အလှတရားတွေကြောင့်လည်း ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေအပြင် မိန်းကလေးပရိသတ်တွေရဲ့အားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီတစ်ဦးပဲ ဖြစ်ပါတယ်..။

သူမရဲ့နောက်ထပ်ခြေလှမ်းသစ်တစ်ခုဖြစ်တဲ့ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း မကြာခင်မှာ ရိုက်ကူးတော့မှာဖြစ်တဲ့အတွက် ပရိသတ်ကြီးများကလည်း စောင့်မျှော်အားပေးပါဦးနော်..။

Photo - အူဝဲ၊ Ria Bo Vich

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။