မနေ့ကကန်ခဲ့တဲ့ ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့ရဲ့(၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာတော့ ဆွီဒင်အသင်းက၁ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။အဆိုပါဆွီဒင်နဲ့ ဆွစ်ဇာလန်တို့ပွဲမှာ ပရိသတ်တွေသတိမထားမိတာက Official Match Ball Carrierအဖြစ် ကမ္ဘာ့ဖလားဘောလုံးကိုစတင်ကိုင်တွယ်ခဲ့သူလေးကတော့ မြန်မာနိုင်ငံသားလေး မောင်စိုင်းဘုန်းသိင်္ဃ ပဲဖြစ်ပါတယ်။

Ball Carrierအဖြစ် မြန်မာနိုင်ငံကလေးတွေအနေနဲ့အာရှမှာသာလုပ်ဆောင်ခွင့်ရကြသော်လဲ ယခုမှာ ကမ္ဘာ့ဖလားမှာပါပါဝင်လုပ်ဆောင်ပြီး မောင်စိုင်းဘုန်းသိင်္ဃကတော့ မြန်မာနိုင်ငံရဲ့ပထမဆုံးသော ကမ္ဘာ့ဖလားBall Carrierအဖြစ်ဆောင်ရွက်ခွင့်ရရှိခဲ့ပါတယ်။အဆိုပါ အစီအစဉ်အတွက် ဧပြီ ၆ ရက်မှ ၈ ရက်အထိ အသက် (၁၀)နှစ်ကနေ (၁၄)နှစ်အတွင်းရှိ မြန်မာ ကလေး ၄၀၀ ကျော်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

ဘောလုံးစွမ်းရည်၊ အထွေထွေနှင့် နိုင်ငံ တကာဗဟုသုတ၊ Leading Skill, Team Work, Organiziation Skill တို့ စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံက ILBC ကျောင်းသားလေး မောင်စိုင်း ဘုန်းသိင်္ဃကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မောင်စိုင်း ဘုန်းသိင်္ဃအခုလို မြန်မာနိုင်ငံရဲ့ပထမဆုံး သော ကမ္ဘာ့ဖလား Ball Carrierအဖြစ် ပါဝင်ခွင့်ရလို့ ဂုဏ်ယူနေပါတယ်။

source: skynetsports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။