ပိုင်တံခွန်ဆိုတာနဲ့ မိန်ကလေးပရိသတ်တွေရဲ့ အသည်းစွဲတစ်ယောက်ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ သူ့ရဲ့ အရပ်အမောင်း၊ Body၊ ရုပ်ရည်ကအစ Model တစ်ဦးမှာရှိတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အသားအရေကစ အပြစ်ပြောစရာမရှိတဲ့ အဝတ်အစားကအစ ဖက်ရှင်ကျပြီး စတိုင်မိတာကြောင့် ပရိသတ်တွေများစွာရရှိထားတဲ့ သူတစ်ဦးဆိုလည်းမမှားပါဘူး။

သူရဲ့စတိုင်နဲ့ ပုံစံတွေကြောင့် မဂ္ဂဇင်းမျက်နှာဖုံး၊ ဂျာနယ် မျက်နှာဖုံးတွေတော်တော်များများမှာနေရာယူထားတဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် မော်ဒယ်လောကရဲ့ နာမည်ရမော်ဒယ်တစ်ဦးလည်း ဖြစ်ပါတယ်။ သီချင်းMTVတွေမှာလည်း သရုပ်ဆောင်လေ့ရှိပြီး အခုဆိုရင် ရုပ်ရှင်သရုပ်ဆောင်လည်းလုပ်နေပြီဖြစ်ပါတယ်။ ၂၀၁၃အကယ်ဒမီပေးပွဲမှာလည်း ရွှေကြိုတစ်ဦးအဖြစ်ပါဝင်ခဲ့ပါသေးတယ်။ J Donuts ကြော်ငြာလေးနဲ့လည်း ပရီသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိခဲ့ပါသေးတယ်။

Phone ၊ အင်္ကျီ၊ Skin Care စတဲ့ ကြော်ငြာတွေလည်းရိုက်ကူးပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းရိုက်ကူးထားပါတယ်။ ပိုင်တံခွန်ကို ဖက်ရှင်အမိုက်စားပုံစံတွေနဲ့လည်း တွေ့ရလေ့ရှိပါတယ်။ ပရိသတ်တွေကိုလည်း ဖော်ရွေတ်တဲ့ အပြင် သူ့ကိုတိုက်ခိုက်သူတွေကိုလည်း ယဉ်ယဉ်ကျေးကျေးဆက်ဆံတတ်ပါတယ်။အခုလည်း သူအလုပ်မအားလပ်တဲ့ကြားက သူ့ကိုလွမ်းမယ့် ပရိသတ်တွေအတွက် တင်ပေးထားတဲ့ ရိုက်ကွင်းတစ်ခုက ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။

Source: Paing Takhon;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။