MRTV 4 ဇာတ်လမ်းတွဲသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝင့်ယမုံနိုင်ကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး ကျရာဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်အားပေးမှုများစွာ ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ယခုအခါမှာတော့သူမဟာ ချောက်မြို့ရဲ့ ဆုတောင်းပြည့်ရွှေပုံတောင်ဘုရားသွားဖူးခဲ့တယ်လို့လည်းသိရပါတယ်။သူမသွားလာမှုတွေကိုလည်း သူမကအမြဲလိုလို သူမရဲ့လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့်ပရိသတ်တွေအတွက်ဓာတ်ပုံလေးတွေအမြဲ မျှဝေပေးလေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။နောက်ပြီး သူမက သာယာ တဲ့ရူ့ခင်းလေးတွေကိုကြည့်ပြီး စကားပုံလေးတွေလည်း စပ်ဆိုခဲ့ပါသေးတယ်။

သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"ချောက်မြို့ရဲ့ ဆုတောင်းပြည့်ရွှေပုံတောင်ဘုရားသွားဖူးခဲ့ပါတယ်ရှင့် .....တောင်ပေါ်ကနေ မြန်မာ့မြေရဲ့အသက်သွေးကြောဧရာဝတီကြီးကိုမြင်ရတဲ့မြင်ကွင်းက ရင်သပ်ရှုမောစရာပါပဲ ........ စကားပုံရှိမရှိတော့မသိ ကိုယ့်အတွေးနဲ့ကိုယ်ခံစားပြီးတင်စားမိတဲ့ စကားပုံကတော့ ...'မြန်မာ့အလှအစ အညာမြေက' တဲ့ ......အတွေးတွေထက် သဘာဝတရားကြီးက ပိုနက်ရှိုင်းလွန်းပါတယ် ........ဘုရားလည်းဖူးရင်း အတွေးလေးတွေစာဖွဲ့ရင်း ဓာတ်ပုံလေးလည်းရိုက်ရင်းပေါ့ကွယ် ......."ဆိုတဲ့စာသားလေးနဲ့ သူမရဲ့ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေကို တင်ထားတာပဲဖြစ်ပါတယ်။သူမကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း သူမအတွက် အားပေးစကားလေးတွေပြောခဲ့ကြပါအုံးနော်...

သတင်းအရင်းအမြစ်-ဝင်းယမုံနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။