အမျိုးသမီးဇာတ်ပို့ဆုအတွက် တစ်ကြိုပြေးနေသူတွေကတော့ ပိုင်ဖြိုးသု၊ အေးမြတ်သူနဲ့ ၀ါ၀ါအောင်တို့်ပဲဖြစ်ပါတယ်။

လတ်တလော ရုံတင်ပြသနေတဲ့ ငဘ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် အေးမြတ်သူ ကိုလည်း အမျိုးသမီးဇာတ်ပို့ဆုအတွက် တစ်ကြိုခန့်မှန်းပေးထားကြောင်းသိရပါတယ်။

ကြည့်ပြီးသူတွေကတော့ ရနိုင်လောက်တဲ့လုပ်ကွက်မျိုး တင်ပြထားတာမျိုးမရှိဘူးဆိုပြီး အားမလိုအားမရဖြစ်နေကြပါတယ်။ 

အမျိုးသမီးဇာတ်ပို့ဆုအတွက် ဒီတစ်ခါခန့်မှန်းမိတာကတော့

အန်တီဝါ ပဲဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်းက ရုံတင်ပြသခဲ့တဲ့ ဘွန္တောကြက်သူခိုး ရုပ်ရှင်ဇာတ်ကားကြီးမှာ အန်တီဝါ ဟာ ငွေတစ်မျက်နှာကိုပဲကြည့်ပြီး လိုလျှင်တစ်မျိုး မလိုလျှင်တစ်မျိုး သမီးနဲ့သားမက်ကြား ခလောက်ဆန်တတ်တဲ့ ယောက္ခမဆိုးဆိုး ဒေါ်စွာကျယ်အဖြစ် ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

အန်တီဝါ ဟာ ဇာတ်ကား စ လယ် ဆုံး ဇာတ်ကိုတောက်လျှောက် ကောင်းမွန်စွာ ပို့ဆောင်ပေးနိုင်တာကိုတွေ့ရပါတယ်။ လိုတစ်မျိုး မလိုတစ်မျိုး စိတ်အပြောင်းအလဲအပေါ်

မျက်နှာအမူအရာ လေယူလေသိမ်းတို့ ပြောင်းလဲသွားပုံမှာ

ကြည့်ရှုသူ ပရိသတ် အထူးသဘောကျအားပေးခဲ့ရုံသာမက

ဒေါ်စွာကျယ်နဲ့ ဟစ်တလုံးဇာတ်ဟု ပြောရလောက်အောင် အပေးအယူမျှမျှနဲ့ ဇာတ်ကို ပို့ပေးနိုင်ခဲ့့ပါတယ်။ 

နောက်ထပ်အမျိုးသမီးဇာတ်ပို့ဆုအနေနဲ့ အေဒင်ရဲ့နတ်သမီး ဇာတ်ကားထဲက အဆိုတော် အေဒင် ရဲ့ သူငယ်ချင်းမလေး " ဖြူလေး " ကိုပြေးမြင်မိပါတယ်။

ဖြူလေးအဖြစ် သရုပ်ဆောင်ထားတာကတော့ ပရိသတ်ချစ်တဲ့မင်းသမီးလေး ပိုင်ဖြိုးသုပဲဖြစ်ပါတယ်။

သုသုဟာ ဇာတ်ကား အစအလယ်မှာ လုံးဝထင်မှတ်မထားလောက်အောင် အရိုးခံ အနစ်နာခံတတ်တဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်ရဲ့အဆုံးမှာတော့ သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ ကြောက်စရာလူသတ်သမားအဖြစ်သာမက စိတ်ဖောက်ကာ ဓားတစ်ချောင်းနဲ့လိုက်ခုတ်တဲ့ စိတ်ဝေဒနာသည်မလေးအဖြစ်ပါ ပီပြင်ပိုင်နိုင်စွာနဲ့ ပရိသတ်အာရုံကိုဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။

Source : Myanmar Film Academy

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။