ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ Cele Cele Small Page Admin ဟု ယူဆကာ ဖမ်း ဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့ မျိုးကိုကိုစန်းက ၎င်း ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့်ပတ်သက်၍ ဇန်နဝါရီ ၂၃ ရက်တွင် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာတွေကို ယခုလိုပြောကြားခဲ့ပါတယ်။

‘‘ညီမကို ဘယ်သူနစ်နာ အောင်လုပ်လဲဆိုတာမဟုတ်ဘဲနဲ့ လည်း မစွပ်စွဲချင်ဘူး။ ဒါကြောင့် အခုကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ ကို တရားစွဲရမလဲဆိုတာလည်း ညီမအနေနဲ့ ဘာမှမစဉ်းစားရသေး ပါဘူး။ ညီမရဲ့ အုပ်ထိန်းသူတွေ၊ ဥပဒေအကြံပေးသူတွေနဲ့ သေသေချာချာ တိုင်ပင်မယ်။ ဝတ်မှုံရွှေရည်ပါလို့ ပြောလိုက်ရင်လည်း သူမဟုတ်ရင် ညီမလိုဖြစ်မယ်။ အမှုကို ဖွင့်တာကတော့ ဝတ်မှုံရွှေရည်လို့ တရားသူကြီးက ဖတ် ပြတာကြားရပေမယ့် မဟုတ်ဘဲနဲ့ တော့ သူတစ်ပါးကို မလုပ်ချင်ဘူး။အဓိကကတော့ ညီမကို နစ်နာ အောင်လုပ်တဲ့သူက နိုင်ငံပိုင် သတင်းစာကနေ ပြန်တောင်းပန် စေချင်တာပါ’’

‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ ရှင်းရှင်းလင်းလင်းသိတဲ့အခါကျ မှပဲ ညီမ ဒါကိုပြောချင်တယ်။ ဘာလို့လဲဆိုရင် ညီမကိုယ်တိုင်လည်း မဟုတ်ဘဲနဲ့ စွပ်စွဲခံရတယ်။ ညီမ ကိုယ်တိုင်လည်း မိန်းမသားလို့ ခံယူထားတယ်။ တစ်ဖက်သား အပေါ်မှာလည်း အမှန်အတိုင်း ပြောရရင် မိန်းမသားချင်း ကိုယ် ချင်းစာတယ်။ အဲဒီလိုဖြစ်တဲ့အတွက် တစ်ဖက်သားနစ်နာအောင် လည်း မဟုတ်မမှန်ဘဲနဲ့ မလုပ်ချင်ပါဘူး။ အဲဒီအတွက် သေချာ အောင် စုံစမ်းပြီးမှပဲ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ပြန်လုပ်မယ်’'

‘‘သူနစ်နာတဲ့ကိစ္စကို စုံစမ်း တယ်ဆိုတာ ဘယ်သူက နစ်နာ အောင် လုပ်လဲဆိုတာ သေချာ ကြည့်မယ်။ ဝတ်မှုံရွှေရည်တိုင်ကြားစာမှာ မျိုးကိုကိုစန်းကို နစ်နာအောင်လုပ်တဲ့သဘော သက် ရောက်နေလား။ ဒါမှမဟုတ် ရဲက ပဲ သက်သက်နစ်နာအောင် လုပ် သလား။ အဲဒီနှစ်ခုကို သေချာစုံ စမ်းသွားမယ်’'လို့ မျိုးကိုကိုစန်းရဲ့ ရှေ့နေ ဦးအောင်ဇင်ကနေ ပြောကြားခဲ့ပါတယ်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။