ရီးရဲ့ရဲ့ဟီးရိုးကြီးအဖြစ်နှစ်ပေါင်းများစွာနေရာယူထားတဲ့ရော်နယ်ဒိုကတော့ ယခုမှာဂျူပီကိုပြောင်းတော့မယ်လို့သတင်းတွေကအခိုင်အမာပြောဆိုနေကြပါတယ်။ရော်နယ်ဒိုကတော့ အခုမှာ ရီးရဲ ဥက္ကဌပီရက်နဲ့စာချုပ်ကိစ္စမအဆင်မပြေဖြစ်နေပါတယ်။

ရော်နယ်ဒိုဟာမက်ဆီနဲ့ နေမာတို့ရဲ့လစာနီးပါးမရရှိတာကြောင့် အသင်းပြောင်းချင်နေတာပါ။ဂျူပီကတော့ရော်နယ်ဒိုအတွက် ယူရို သန်း 100 နဲ့ကမ်းလှမ်းထားပြီး ရော်နယ်ဒိုရဲ့အေးဂျင့်ကတော့ဂျူပီကိုပြောင်းဖို့ အိမ်ရှာနေပြီ လို့DAILY MAILကအတိအကျဖော်ပြနေပါတယ်။ 

ချဲလ်စီးအသင်းဟာမာရှယ်ကို ဝီလီယံရဲ့နေရာမှာအစားထိုးဖို့စိတ်ဝင်စားနေပါတယ်။ဝီလီယံကိုတော့ ဘာစီလိုနာကယူရိုသန်း၈၀နဲ့ကမ်းလှမ်းထားပါတယ်။

ချဲလ်စီးကတော့ယခုအပတ်အတွင်း နည်းပြကွန်တီကိုထုတ်ပယ်ပြီး နည်းပြသစ်ဆာရီကိုခန့်အပ်တော့မှာဖြစ်ပါတယ်။ချဲလ်စီးကတော့ ကမ္ဘာ့ဖလားမှာခြေစွမ်းပြနေတဲ့ ရုရှားတိုက်စစ်ကစားသမား ဂိုလိုဗင်ကို ယူရိုသန်း (၃၀)နဲ့ခေါ်ဖို့နီးစပ်နေပါတယ်။ 

လီဗာပူးကတော့ရိုမားဂိုးသမားအလီဆင်နဲ့အက်သလက်ဂိုးသမားအော့ဘလက် ကိုခေါ်ယူတော့မှာမဟုတ်ဘူးလို့THE SUNကဖော်ပြထားပါတယ်။

မန်စီးတီးကတော့မာရက်နဲ့ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီး ယခုအပတ်အတွင်းဆေးစစ်မှုခံယူတော့မှာဖြစ်ပါတယ်။

ရီးရဲ့ကတော့ရော်နယ်ဒိုကိုလက်လွှတ်ရပါက နေမာကိုမရရအောင်ခေါ်ယူမှာလို့ပြောဆိုထားပါတယ်။

ဘာစီကတော့လီဗာပူးတို့အလိုရှိနေတဲ့ သူတို့ရဲ့ဂိုးသမားလီဗယ်လော့အတွက်သန်း၃၀ခန့်အလိုရှိနေပါတယ်။ 

SOURCE:  DAILY MAIl

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။