ကြက်ဥကိုတော့ ပုံမှန်ဆိုကြော်စားတာ ဟင်းချက်စားတာ ပြုတ်စားလာရတာရိုးလာပီဆိုတဲ့ ပရိတ်သတ်ကြီးတွက် အသစ်ဆန်းလေးလည်းဖြစ် စားလို့အရမ်းလည်းအရသာရှိတဲ့ ကြက်ဥလိပ်နည်းလေးကို ပရိတ်ကြီးတွက် အိမ်မှာ မိသားစုနဲ့ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ် အရသာရှိလုပ်စားနိုင်အောင် မျှဝေပေးလိုက်ပါတယ်။ကြက်ဥမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သားတည်ဆောက်မှုကို လည်းအားကောင်းစေတယ်လို့သိရပါတယ်။

ပါဝင်သော ပစ္စည်းများ

(၁) ကြက်ဥ - လေးလုံး

(၂) မုန်လာဥနီသေးသေးစိတ် -စားပွဲတင် နှစ်ဇွန်း

(၃) ကြက်သွန်မိတ် - ၃ပင်

(၄) ဆား - အနည်းငယ်

(၅) ဟင်းခပ်မှုန့် - အနည်းငယ်

(၆) နွားနိ့ သို့ ရေ - လေးဇွန်း အနည်းငယ် တို့ဖြစ်ပါတယ်။

-ကြက်ဥကို နွားနို့ ဆား သကြား ဟင်းခပ်မှုန့် ထည့်ပြီး ခလောက်ကာ ဇကာနှင့် စစ်ချပါ။ပီးရင် ကြက်သွန်မိတ် မုန်လာဥနီ ရော ခလောက်ပါ။

-အိုးထဲသို့ ဆီအနည်းငယ် အိုးပေရုံလောက် ထည့်၍ ခလောက် ထားသော ကြက်ဥ ၁ဇွန်းထည့်၍ ဒယ် အိုးကို လက်ဖြင့် လှည့်၍ ဝိုင်းပြီး အပြားလိုက်ကြော်ပါ။ရလျှင် ၂/၃ ခန့် လိပ်ပြီး ဘေး တစ်ဖက်သို့ ကပ်၍ ကျန်သော ဖက်သို့ ကြက်ဥ၁ဇွန်းထပ်ထည့်ကြော်ပြီးလျှင် စောစောကလိပ်ထားသော အလိပ်ကို ဆက်လိပ်၍ အပေါ်က အတိုင်းချန်၍ ထပ်ကာ ထည့်၍ အထက်ပါ အတိုင်းဆက်လိပ်ပါ။အထက်ပါအတိုင်းဆက်လိပ်ပြီး ကြက်ဥရည် ကုန်တဲ့ထိလိပ်သွားပါကပုံပါအတိုင်းအလိပ်လိုက်ရပါ့လိမ့်မယ်။ကြက်ဥကြီးပဲ မစားချင်လို့ ဝက်သားပြား (သို့)ကြက်သားပြား ချိစ်ပြား တို့ကိုလည်း ကြက်ဥထဲ ရောလိပ်ပီးလည်း သုံးဆောင်နိုင်ပါတယ်။

-ရလျှင် ဓားထက်ထက်ဖြင့် လှီးပြီး ကြိုက်နှစ်သက်ရာ ဆောစ့်မရိုးနစ့် ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။အထက်ပါအတိုင်းဆက်လိပ်ပြီး ကြက်ဥရည် ကုန်တဲ့ထိလိပ်သွားပါကပုံပါအတိုင်းအလိပ်လိုက်ရပါ့လိမ့်မယ်။ကြက်ဥကြီးပဲ မစားချင်လို့ ဝက်သားပြား (သို့)ကြက်သားပြား ချိစ်ပြား တို့ကိုလည်း ကြက်ဥထဲ ရောလိပ်ပီးလည်း သုံးဆောင်နိုင်ပါတယ်။ကယ်ပရိတ်သတ်ကြီးလည်း အောက်ပါနည်းလေးအတိုင်း လုပ်စားကြည့်လိုက်ပါအုံးနော်။ 

Source:google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။