အဆိုပါရေကြီးရေလျှံမှုကတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ မိုင်၂၀ အကွာ ကျိန်ခရန်ချောင်း မှာဖြစ်ပွားခဲ့တာပါ။အဆိုပါရေကြီးရေလျှံမှုကြောင့် ချောင်းအနီးမှာရှိတဲ့ အပန်းဖြေစခန်းမှာရှိတဲ့ ဈေးဆိုင်၃၀ကျော်ရေထဲမျောပါသွားခဲ့ပါတယ်။ချောင်းတစ်ဖက်ကမ်းကိုကူးဖို့ တံတားတွေပါရေထဲမျောပါသွားတာကြောင့် ဒေသခံတွေဒုက္ခရောက်နေကြပါတယ်။ 

ဒေသခံတစ်ယောက်ကတော့" ကျမတို့ဆိုင်က ချောင်းဟိုဘက်ကမ်းကူးရတယ်။ အခုတော့ အဲဒီတံတား ရေထဲမျောပါသွားတယ်။ ဆိုင်ကတော့ တော်တော်ပါသွားတယ်။ ၃၀ လောက်ပါသွားတယ်။ ဆိုင်တဲတွေပေါ့။ ကျမတို့ဆီမှာ ဆောက်ထားတဲ့ တဲတွေက လူလေးငါးယောက်ထိုင်တဲ့ နေရာမျိုးတွေပေါ့။ ”လို့ပြောထားပါတယ်။

အဆိုပါရေကြီးပြီးမြေပြိုတဲ့နေရာတွေကလွန်ခဲ့တဲ့နှစ်တွေတုန်းက ပြည်တွင်းပြည်ပခရီးသွားတွေ နဲ့လူစည်းကားတဲ့နေရာလေးပါ။အခုတော့ဆိုင်တဲတွေမျောကုန်တာကြောင့် ဒေသခံတွေအခက်ကြုံနေရပြီး ဒေသခံတွေကတော့ ရေကျသွားတာနဲ့ တံတားတွေရောဆိုင်ခန်းတွေကောပြန်ပြီး ဆောက်လုပ်မယ် လို့ပြောဆိုထားပါတယ်။

source: dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။