၁၉ နှစ်အမျိုးသားက သူနှင့်ကိုယ်ဝန်ရှိသည့် ချစ်သူမိန်းကလေးအား ဓားဖြင့် ထိုး

ဇန်နဝါရီလ၂၂က်နေ့ ညနေ၆နာရီခွဲ တွင် ကချင်ပြည်နယ် မိုးညှင်းမြို့၌ နေထိုင်သော ကိုယ်ဝန် ၅ လရှိနေတဲ့ ၂၄ နှစ်အရွယ် အမျိုးသမီးကို ချစ်သူအမျိုးသားက ဓားနဲ့ထိုးမှု ဖြစ်ပွားခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

ဖြစ်ပွားပုံမှာ ဇန်နဝါရီ ၂၂ ရက်နေ့ ညနေက မအေးအေးမော်ပာာ ရည်းစားဖြစ်သူ ခိုင်ကို (၁၉နှစ်)နဲ့အတူ ကျူးလွန်ခဲ့ရာမှ ကိုယ်ဝန် ၅ လရှိပြီ ဖြစ်ပြီး မိမ်ိကိုလက်ထပ်ယူရန်၊မယူလျှင်ကိုယ်ဝန်ဖျက်ချဖို့ ငွေကျပ် ၅ သောင်းတောင်းရာ ခိုင်ကိုက အသင့်ပါလာတဲ့ ခေါက်ဓားနဲ့ ၁၁ ချက်ထိုးသွင်းလှီးဖြတ်ခဲ့တဲ့အတွက် လည်ပင်း၊ ရင်ညွန့်၊ လက်ယာ ဝမ်းဗိုက် စိုးရိမ်ရဒဏ်ရာတွေအပြင် ကိုယ်ဝန်လည်းပျက်ကျခဲ့ပြီး မိုးညှင်းမြို့ သာစည်ရပ်နေ ခိုင်ကို ကို အရေးယူပေးပါဖို့ မိုးညှင်းမြို့မရဲစခန်းကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ဓားနဲ့ ထိုးသူ ခိုင်ကို ကို မိုးညှင်းမြို့ မရဲစခန်းက (ပ)၁၂/၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၃၁၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Credit-DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။