မြန်မာ idol ပြိုင်ပွဲမှာ ဝတ်ဖို့ သိန်းတစ်ထောင်ကျော် အကုန်ကျခံထားတယ်လို့ မြန်မာပြည်သိန်းတန်ပြောကြား

မြန်မာ idol သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်အဖြစ် ဆောင်ရွက်ရင်း ဝတ်ဆင်ဖို့ ဖက်ရှင်ပိုင်းကို သိန်းတစ်ထောင်နီးပါး အကုန်ကျ ခံထားတယ်လို့ မြန်မာပြည်သိန်းတန်းဇနီး ဒေါ်နန္ဒာသန်းက စံတော်ချိန် သတင်းစာရဲ့ interview မှာ ပြောကြားခဲ့ပါတယ်။

ပိတ်စတွေကို အမေရိကက မှာရပြီး ဒေါ်လာနဲ့ ဝယ်ရလို့ ပိုစျေးကြီးတယ်လို့လည်း ပြောပါတယ်။ တစ်ချို့ကုတ် အကျင်္ီတွေဆို မြန်မာငွ သိန်း ၇၀ လောက်ရှိပြီး ခါးပတ်ဆို သိန်း ၃၀ လောက်ရှိတဲ့အတွက် အားလုံးပေါင်းလိုက်တော့ သိန်း ၁ဝဝဝလောက် ကျသွားတယ်လို့ ပြောပါတယ်။

fashion ပိုင်းမထပ်စေရန် ဝတ်စုံ ၃၀ ခန့်ပြင်ဆင်ပြီး နောက်ဆုံးအဆင့် ယှဉ်ပြိုင်မဲ့ ခြောက်ပွဲအတွက် ပိုမိုထူးခြား သည့်ပုံစံဖြင့် မြင်တွေရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Credit - စံတော်ချိန်သတင်းစာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။