အနုပညာလောကမှာ ကလေး ကအစလူကြီးအဆုံး သဘောကျနေကြရတဲ့ သရုပ်ဆောင်ခင်လှိုင်ကတော့ သဘာဝကျတဲ့ ရယ်စရာပြတ်လုံးတွေနဲ့ ပရိသတ်တွေကို အမြဲရယ်မော ပျော်ရွှင်စေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော်ခင်လှိုင်ကတော့ လက်ရှိဇာတ်ပို့ဇာတ်ရံနဲ့ဟာသသရုပ်ဆောင်လောကမှာလည်း ရေပန်းအစားဆုံး လူကြိုက်အများဆုံး အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာလည်း အနုပညာ လုပ်ရှားမှုအသစ်တွေနဲ့ ပရိသတ်တွေမတူညီတဲ့အနုပညာတွေချပြနိုင်ဖို့ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ 

ခင်လှိုင်ကတော့ ပျော်ပျော်နေတက်တဲ့ သူတစ်ယောက်ဖြစ်သည့်အလျောက် အမြဲပေ့ါပေါ့ပါးပါးနဲ့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်လို နေထိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ပျော်ပျော်နေတက်တဲ့သူတွေမှာ အချစ်တော်လေးတွေ အမြဲရှိနေတက်ပြီး ခင်လှိုင်ကလည်း သူရဲ့အချစ်တော်လေး ကိုပရိသတ်တွေထံ ထုတ်ပြလာခဲ့ပါတယ်။သူရဲ့ အချစ်တော်လေးကတော့ ဘော်ဘော်လို့နာမည်ပေးထားတဲ့ မျောက်လေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ 

ခင်လှိုင်ရဲ့လူမှုကွန်ယက်မှာလည်း " ကျွန်တော့်အချစ်တော်လေး သူ့နာမည်က ဘော်ဘော်" ဆိုပြီး သူရဲ့အချစ်တော်မျောက်လေးနဲ့ ရိုက်ကူးထားတဲ့ ပုံလေးတွေ မျှဝေထားတာပဲ ဖြစ်ပါတယ်။ခင်လှိုင်ကတော့ တိရစ္ဆာန်လေးတွေချစ်တက်တဲ့သူတစ်ယောက်ဆိုတာ ပုံလေးတွေမြင်တာနဲ့ ပရိသတ်တွေသိမယ်ထင်ပါတယ်။ချစ်စရာကောင်းတဲ့ဘော်ဘော်လေးနဲ့ ပရိသတ်အချစ်တော်ခင်လှိုင်ရဲ့ ပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ခင်လှိုင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။