အိချောပိုကတော့ ပရိတ်သတ်များစွာရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ကောင်းတာကြောင့် ပရိတ်သတ်တွေကြားမှာ အခိုင်အမာရပ်တည်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ စင်တင်မင်းသမီးဘဝကနေ စတင်ခဲ့တဲ့သူမဟာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်မှုကြောင့် ဗီဒီယို ဇာတ်ကားများစွာရိုက်ကူးခဲ့ရပြီး ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။

သူမရဲ့ တောင့်တင်းလှပပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကလည်း တကယ်ကို ပန်းပုဆရာကထုလုပ်ထားတဲ့အရုပ်လေးပမာ လှပလွန်းပါတယ်။ယောက်ျားလေးပရိသတ်များစွာရဲ့ စိတ်ဝင်စားမှုကိုရရှိပြီး မိန်းကလေးပရိသတ်တွေက အားကျရလောက်အောင်လှပတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမက ဇာတ်လမ်းဇာတ်ကွက်နဲ့ကိုက်ညီပြီး ပရိသတ်ကကြိုက်အောင် သရုပ်ဆောင်မှုတွေကြောင့် နာမည်ကြီးဝါရင့်မင်းသမီးတွေရဲ့ အားပေးမှုရရှိပြီး ရုပ်ရှင်လောကရဲ့ ကြယ်တစ်ပွင့် ဖြစ်နေပြီဖြစ်ပါတယ်။

အခုဆိုလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ "ကြွေ"ဇာတ်ကားမှာလည်း အရမ်းလှနေတဲ့သူမကို မြင်တွေ့ရမှာဖြစ်ပြီး မကြာမီလည်းရုံတင်တော့မှာဖြစ်ပါတယ်။ အခုလည်း ပရိသတ်တွေအတွက် မြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ မေမြင့်မိုရ်တို့နဲ့ရိုက်ကူးမယ့် "အချစ်ဆုံး Crush" ဇာတ်ကားကန်တော့ပွဲမှာတွေ့ရတဲ့ အိချောပွဲရဲ့ အလှအပလေးတွေကိုခံစားဖို့ ဖော်ပြလိုက်ပါတယ်။

Source:Ei Chaw Po;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။