အနုပညာလောကရဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ရွှေမင်းသမီး နန္ဒာလှိုင်ကတော့ မောင်ဖြစ်သူကို Birthday present အနေနဲ့ ကားတစ်စီးဝယ်ပေးခဲ့တယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ။ မောင် ကတော့ အမဖြစ်သူရဲ့ လက်ဆောင်ကြောင့် ပျော်ရွှင်နေပြီး အခြားမောင်နှမတွေကိုလည်း အမက သူ့ကိုအချစ်ဆုံးဆိုပြီး ယခုလို "မောင်နှမ တွေထဲမှာ ဒို့ကိုအချစ်ဆုံးဆိုတာ သဘောပေါက်လိုက်တော့။ My late birthday present from my sis." ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။ 

နန္ဒာလှိုင်ကတော့ သူမရဲ့ မောင်ဖြစ်သူအတွက် ကမ႓ာကျော် Brand တစ်ခုဖြစ်တဲ့ Mercedes ကားကြီး ဝယ်ပေးခဲ့တာဖြစ်ပါတယ်။ သူမရဲ့ လူမှုစာမျက်နှာမှာတော့ မောင်ဖြစ်သူရဲ့ မွေးနေ့လက်ဆောင်အကြောင်း ရေးထားတဲ့ post ကို share ကာ "ဘုရားဘုရား နောက်လာမယ့် birthday ကဘယ်တယောက်ပါလိမ့်နီး ရင်ခရီးတလလောက်ထွက်အူးမှဘာ" ဆိုပြီး စနောက်ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

နန္ဒာလှိုင်ဟာ အိမ်ထောင်ကျပြီး နောက်ပိုင်း အနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပြီး အိမ်ထောင်ရှင် မိခင်တစ်ယောက်ရဲ့ ဘဝကို လွှဲပြောင်းယူခဲ့တာတွေ့ရပါတယ်။ ပရိသတ်တွေ သဘောကျရတဲ့ မိသားစုဘဝလေးကိုသာမက အားကျစရာကောင်းတဲ့ အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားဆဲ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ 

Photo Source : Sein Phyo Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။