လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေရဲ့အချစ်တွေကို တစ်ဖန်ပြန်လည်ရရှိခဲ့တဲ့ သရုပ်ဆောင်မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ပြည်သူ့အချစ်တော်မင်းသမီးတစ်ဦးပါပဲ..။

ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကိုအမြဲအချစ်ပိုစေတဲ့ မင်းသမီးချောလေးသူမကတော့ အခုတစ်ခါမှာလည်း ရှည်လျားပြီးနက်မှောင်တဲ့ သူမရဲ့ဆံပင်ရှည်လေးတွေကို ပုံစံတစ်မျိုးလေးကောက်ထားပြီး လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ဆယ်ကျော်သက်မိန်းမပျိုလေးလို လှသွေးကြွယ်နေပါတယ်..။

မအေးသောင်းလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးကတော့ အေးဆေးတည်ငြိမ်တဲ့ပုံရိပ်လေးတွေနဲ့မြင်တွေ့နေကျဖြစ်ပေမယ့် လတ်တလောမှာတော့ လူငယ်ဖက်ရှင်ဆွဲဆောင်မှုရှိပြီး ညို့အားပြင်းတဲ့ဟန်ပန်အမူအရာလေးတွေနဲ့ ပရိသတ်တွေကိုအချစ်ပိုဖမ်းစားလိုက်ပြန်တာ ဖြစ်ပါတယ်..။

အမြင်တစ်မျိုးလေးဆန်းနေတဲ့ သူမရဲ့ချစ်စဖွယ်အလန်းစားပုံရိပ်လေးတွေကိုတော့ နာမည်ကျော်ဓာတ်ပုံဆရာနေမင်းထွန်းက အမိုက်စားရိုက်ကူးပေးထားတာဖြစ်ပြီး မအေးသောင်းလေးကလည်း သူမရဲ့ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

အလန်းစားလူငယ်ဖက်ရှင်လေးနဲ့ ပရိသတ်တွေမမှတ်မိလောက်အောင်ဆွဲအားပိုနေတဲ့ သူမရဲ့အလှပုံရိပ်လေးတွေနဲ့အတူ “စိတ်မကောက်ချင်လို့ ဆံပင်ကောက်ထားတယ်။

ဆံလိမ် အေးသောင်း..” ဆိုပြီးတော့လည်း သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ချစ်စဖွယ်ရေးသားထားတာ တွေ့ရပါတယ်..။

ဆွဲဆောင်မှုရှိုပြီး ပုံစံတစ်မျိုးလေးနဲ့ချစ်စရာကောင်းနေတဲ့ မအေးသောင်းလေးရဲ့ အလန်းစားပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - မအေးသောင်း၊ နေမင်းထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။