ဂီတအနုပညာလောကမှာ အသံချိုချိုအေးအေးလေးနဲ့ တေးသီချင်းကောင်းလေးတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ လူငယ်အဆိုတော်ချောလေးတွေထဲမှာ အဆိုတော်မလေးတစ်ဦးဖြစ်တဲ့ ဝိုင်းလေးကလည်းအပါအဝင်ပါပဲ..။

အဆိုတော်ဝိုင်းလေးကတော့ ဂီတအနုပညာမှာပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့အပြင် Miss World Myanmar 2014 အလှမယ်တစ်ဦးလည်း ဖြစ်ပါတယ်..။

အောင်မြင်တဲ့အဆိုတော် အလှမယ် ဝိုင်းလေးကတော့ ဂီတအနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသလို သီချင်း MTV တွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ကြော်ငြာဓာတ်ပုံတွေလည်း ရိုက်ကူးပေးနေတာ တွေ့ရပါတယ်..။

သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ ဝိုင်းလေးကတော့ အပြာရောင်(နေဗီပြာရောင်) Evering Grown ဂါဝန်ဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိစမတ်ကျကျလှနေတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးနဲ့ ဖမ်းစားလိုက်ပါပြန်ပါတယ်..။

အပြာရောင်ဖက်ရှင်လေးနဲ့ချစ်စဖွယ်ဆွဲဆောင်မှုရှိရှိ ကြည်လင်လှပနေတဲ့ အလှပုံရိပ်လေးတွေနဲ့ ဓာတ်ဖမ်းခဲ့တဲ့ သူမကတော့ တမူထူးခြားတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာမို့ အပြာရောင်နတ်မိမယ်လေးတစ်ဦးလို လှနေတာပါပဲနော်..။

ရိုးရိုးရှင်းရှင်းအလှပုံရိပ်လေးတွေနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ သူမရဲ့အလှဓာတ်ပုံလေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ဝိုင်းလေးအတွက် အားပေးစကားလေးတွေလည်း ပြောပေးသွားဖို့ မမေ့နဲ့ဦးနော်..။

Photo - ဝိုင်းလေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။