ပရိသတ်တွေ တစ်တုတ်လို့ ချစ်စနိုးခေါ်ကြတဲ့ မေပန်းချီကတော့ သူမရဲ့ စံပင်စတိုင်အသစ်လေးနဲ့ လှပကျော့ရှင်းနေတာကိုတွေ့မြင်ရပါတယ်။၀၀ကစ်ကစ်လေးဖြစ်နေပေမယ့်လည်း ပရိသတ်တွေကို တရင်းတနှီးနေတက်တဲ့သူမကတော့ အနုပညာနယ်ပယ်ထဲကတောင်မကပဲ ပရိသတ်တွေကပါ သူမရဲ့လူမှုဆက်စံရေးကောင်းမွန်မှုကြောင့်ချစ်မြတ်နိုးနေရသူလေးဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ သူမရဲ့ ဆံပင်စတိုင်အသစ်လေးနဲ့ လှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားတက်တဲ့သူမကတော့ ယခုအခါမှာလည်း ပရိသတ်တွေအချစ်ပိုစေပြန်ပါတယ်။

သူမကတော့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကိုဆက်တိုက်ဆိုသလို လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ဆံပင်စတိုင်လေးပြောင်းသွားပေမယ့်လည်း သူမရဲ့အလှကတော့ ချစ်စရာကောင်းနေတာကတော့ အမှန်ပါပဲ။သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဓာတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ရပါတယ်။

သတင်းအရင်းအမြစ်-မေပန်းချီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။