မော်ဒယ်သရုပ်ဆောင် နွယ်ဒါလီထွန်းကတော့ Queen Oramin F ရဲ့ Progressive Queen Award ရရှိထားသူလေး ဖြစ်ပါတယ်။ သူမရဲ့ မျက်နှာလေးက ချစ်စရာကောင်းလှပြီး အသားအရည်ကလည်း ကြည်လင်းဝင်းပတဲ့သူလေး ဖြစ်ပါတယ်။ သူမရဲ့ ကြည်လင်တဲ့မျက်နှာလေးက ကိုရီးယားမလေးတစ်ယောက်လို ချစ်စရာကောင်းလှပါတယ်။

သူမက အပြုံးလေးနဲ့ အားလုံးရဲ့ရင်ကိုသိမ်းပိုက်နိုင်စွမ်းရှိသလို ရယ်လိုက်တိုင်း သွားစွယ်လေးနေပေါ်နေတာကြောင့် အရမ်းကိုချစ်စရာကောင်းနေတာပဲဖြစ်ပါတယ်။ သူမက Photo shooting တွေရိုက်ကူးရာမှ MTVတွေမှာပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ရဲရင့်အောင်ရဲ့ "Romeo & Juliet" သီချင်းဗီဒီယိုလေးတစ်ခုက စပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ကိုစတင်လှုပ်ခတ်စေနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးနဲ့ ပေါင်းစပ်ထားတဲ့ သူမရဲ့ ကြွေရုပ်လေးလို ချစ်စရာကောင်းတဲ့ မျက်နှာလေးက ပရိသတ် ရင်ကိုလှိုင်းထန်စေခဲ့ပြန်ပါတယ်။ နတ်မိမယ်လေးတစ်ပါးလိုလှပတဲ့ နွယ်ဒါလီထွန်း ရဲ့ ချစ်စရာကောင်းတဲ့ပုံလေးတွေကို ချစ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Source: Nwe Darli Htun; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။