ရွှေဘောလုံး၅ဆုရှင်ရီးရဲပရိသတ်တွေရဲ့အသည်းကျော်ကြီးဖြစ်တဲ့ ရော်နယ်ဒိုကတော့ ယခုမှာဂျူပင်တပ်စ်နဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ the sun dailyတို့အတိအကျဖော်ပြနေကြပါတယ်။ရီးရဲကတော့ ရော်နယ်ဒိုကိုလက်လွှတ်ရပါက နေမာကို မရရအောင်ခေါ်မှာဖြစ်တယ်လို့ အတိအကျပြောဆိုထားတာကြောင့်ရော်နယ်ဒိုရဲ့သတင်းဟာ ရီးရဲပရိသတ်တွေအတွက်သတင်းကောင်းလားသတင်းဆိုးလားဆိုတာဝေခွဲမရဖြစ်နေဆဲပါ။ 

ရော်နယ်ဒိုကတော့ သူရီးရဲမှာအရင်ကလောက်ပရိသတ်တွေအားပေးမှုမရရှိနေတဲ့အပြင် ရီးရဲအသင်းကသူကိုမလိုအပ်တော့ဘူးလို့စိတ်ထဲထင်နေတာကြောင့် သူကိုလိုအပ်တဲ့အသင်းဆီ အသင်းပြောင်းချင်လာတာပါ။အပြောင်းအရွှေအတွက်က ရီးရဲသာအဓိကကျပြီး ရီးရဲ့နဲ့ ဂျူပီတပ်စ်သာသဘောတူညီမှုရရှိခဲ့ရင် ရော်နယ်ဒိုကတော့ အသင်းပြောင်းဖို့အဆင်သင့်ဖြစ်နေပါပြီ။ 

ရီးရဲ ဥက္ကဌပီရက်နဲ့စာချုပ်တိုးဖို့ကိစ္စကနေ ရော်နယ်ဒိုနဲ့ ရီးရဲ့တို့အကြား ဆက်ဆံရေးတွေအက်ကြောင်းတွေထင်လာပြီး နေမာကို ရီးရဲဥက္ကဌပီရက်ကခေါ်ယူချင်ပြီး ရော်နယ်ဒိုကတော့BBCတိုက်စစ်အတွဲကို အသင်းမှာပဲဆက်ထိန်းထားချင်ကြောင့်အခုလို အသင်းပြောင်းဖို့အထိဖြစ်လာတာပါ။နည်းပြဇီဒန်းအသင်းကထွက်ခွာတဲ့ကိစ္စဟာလဲ ရော်နယ်ဒိုကိစ္စနဲ့ ခပ်ဆင်ဆင်တူနေပါတယ်။အခုတော့ ရော်နယ်ဒိုကိုအသင်းသစ်မှာတွေမြင်ရမလားဆိုတာမကြာခင်ရက်ပိုင်းအတွင်းသိရှိရပါတော့မယ်။

SOURCE: DAILY MAIL 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။