မော်ဒယ်သရုပ်ဆောင် လင်းအောင်ခေတ်ကတော့ ပရိသတ်တွေကို အမိုက်စားပုံစံတွေနဲ့ ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။ သူရဲ့ မျက်နှာက မိန်းကလေးတွေရဲ့ အသည်းကိုနှုတ်ယူနိင်လောက်အောင် ဆွဲဆောင်မှုပြည့်ဝပါတယ်။ Gym လည်းကစားတာကြောင်တောင့်တင်းသန်မာတဲ့ Body မျိုးနဲ့ စတိုင်ကျတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။

လင်းအောင်ခေတ်က K-Pop Top Model ပြိုင်ပွဲမှာ 1st runner up ဆုရရှိခဲ့သူတစ်ဦးဖြစ်ပြီး Model ဘဝကနေ စတင်ပြီး Show ပွဲပေါင်းများစွာမှာ လျှောက်လှမ်းခဲ့ရပါတယ်။ နောက်ပိုင်းမှာ မဂ္ဂဇင်းမျက်နှာဖုံးတွေသာမက ဓာတ်ပုံကောင်းတွေကြောင့် ကျော်ကြားခဲ့ပြီး ပိုစတာ၊ MTV တွေကတစ်ဆင့် အနုပညာလောကမှာ ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။

မော်ဒယ်ကတစ်ဆင့် ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူက ယခုဆို ဇာတ်လမ်းတွဲတွေမှာပါ သရုပ်ဆောင်လာတာတွေ့ရပါတယ်။ သူ့အနေနဲ့ နောက်ပိုင်းမှာ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးနေပြီ ဖြစ်ပြီး ဖော်ရွေဖြူစင်တဲ့ အပြုံးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုရရှိထားပါတယ်။ အခုလည်း အဖြူရောင်လေးဝတ်ရင် ချစ်တယ်ဆိုတဲ့ သူရဲ့ပရိသတ်တွေအတွက် လင်းအောင်ခေတ်ရဲ့ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။

Source: Lin Aung Khit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။