ပရဟိတမင်းသမီးလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောခိုင်နှင်းဝေကတော့ သရုပ်ဆောင်အနုပညာအလုပ်တွေထက် ပရဟိတနဲ့လှူဒါန်းကုသိုလ်ယူမှုတွေကို ပိုပြီးလုပ်ဆောင်ဖြစ်နေတာ တွေ့ရပါတယ်..။

ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ မင်းသမီးခိုင်နှင်းဝေကတော့ “ငဒူ” ရုပ်ရှင်ဇာတ်ကားအဖွဲ့သားတွေ ခိုင်နှင်းဝေပရဟိတအသင်းကို လှူဒါန်းလိုက်တဲ့အလှူငွေထဲမှ အချို့တစ်ဝက်ကို မိဘမဲ့ကလေးငယ်လေးများအတွက် ပြန်လည်လှူဒါန်းလိုက်ပါတယ်..။

“ငဒူ” ရုပ်ရှင်ဇာတ်ကားအဖွဲ့သားတွေဟာ မိဘမဲ့ကလေးငယ်လေးများအတွက်ရည်စူးပြီး အလှူငွေ သိန်း(၃၀)ကျပ်တိတိကို ဇူလိုင်လ(၅)ရက်နေ့က ခိုင်နှင်းဝေပရဟိတအသင်းကို လှူဒါန်းခဲ့တာဖြစ်ပါတယ်..။

အဲ့ဒီအလှူငွေသိန်း(၃၀)ကျပ်ထဲက အလှူငွေ(၁၀)သိန်းကို ရန်ကုန်၊ လှည်းကူးမြို့နယ်မှာရှိတဲ့ မေတ္တာမွန်မိဘမဲ့ကလေးများကျောင်းမှာ ခိုင်နှင်းဝေက ပြန်လည်လှူဒါန်းခဲ့ပြီး “ငဒူ” အဖွဲ့သားတွေကလည်း မိဘမဲ့ကလေးငယ်လေးများအတွက် နေ့လည်စာ ဒံပေါက်ကို ကျွေးမွေးလှူဒါန်းခဲ့တာ တွေ့ရပါတယ်..။

မိဘမဲ့ကလေးတွေအတွက် လှူဒါန်းကုသိုလ်ယူနေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း ခိုငိနှင်းဝေက ပြန်လည်မျှဝေထားပြီး အားရပါးရစားနေကြတဲ့ ကလေးငယ်လေးတွေကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်မိတယ်လို့ ဆိုပါတယ်..။

မိဘမဲ့ကလေးများအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ “ငဒူ”ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ယခုထက်ပိုပြီးအောင်မြင်မှုတွေအများကြီးရရှိစေဖို့လည်း သူမရဲ့ပရဟိတအသင်းနဲ့အတူ ဆုတောင်းစကားလေးလည်း ပြောပေးထားပါသေးတယ်..။

Photo - ခိုင်နှင်းဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။