ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ ကျောက်ဂူတခုထဲမှာ ပိတ်မိနေတဲ့ တောဝက်ဘောလုံးအကယ်ဒမီ ရဲ့လူငယ်ဘောလုံးသမား ၁၁ယောက် နဲ့ နည်းပြဖြစ်သူကို ဂူထဲကပြန်ထွက်လာရင် ရုရှားနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်ကိုကြည့်ရှူဖို့တစ်ကူးတကလာရောက်ပြီး ဖိတ်ခေါ်လိုက်ပါတယ်။ 

သူတို့ဟာ ဇွန်လ ၂၃ ရက်ကတည်းက ပိတ်မိနေခဲ့တာဖြစ်ပြီးမကြာခင်ကမှ ရေငုပ်သမားတွေတွေ့ရှိသွားတာပါ။သူတို့ကိုစတွေ့ချိန်မှာတော့ သူတို့စမေးတာက ကမ္ဘာ့ဖလားအကြောင်းကိုစမေးခဲ့တာကြောင့်သူတို့ဘောလုံးကိုဘယ်လောက်ဝါသနာပါတယ်ဆိုတာသိနိုင်ပါတယ်။ သူတို့ကို အပြင်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေအင်တိုက်အားတိုက်နဲ့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။ 

FIFA ကတော့ “ သူတို့အားလုံး မိသားစုတွေနဲ့ ပြန်ဆုံပြီး ကျန်းကျန်းမာမာနဲ့ ခရီးထွက်နိုင်ကြရင် ကျွန်တော်တို့အနေနဲ့ နောက်ဆုံးဗိုလ်လုပွဲ ကြည့်ရှုဖို့ ကျနော်တို့ တစ်ကူးတကကိုယ်တိုင်လာရောက်ပြီး ဖိတ်ကြားသွားမှာပါ ” လို့ပြောထားပါတယ်။ နောက်ဆုံးဗိုလ်လုပွဲ ပွဲစဉ်ကို လာမယ့် ဇူလိုင် ၁၅ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ မော်စကိုမြို့၊ လပ်ဇ်နီကီ အားကစားကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

SOURCE: DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။