မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိပိုင်ဆိုင်တဲ့ မော်လ်ဒယ်မင်းသားချောလေးပိုင်တံခွန်နဲ့ ထိုင်းမင်းသမီးလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းတဲ့မော်လ်ဒယ်မင်းသမီးချောလေ အိန်ဂျယ်လမုန်တို့ကတော့ အခမ်းအနားပွဲလေးတစ်ခုမှာ ရွှေလက်တွဲပြီး တတ်ရောက်ခဲ့ကြပါတယ်..။

“စိန်နန်းတော်” ရဲ့ wedding fair အခမ်းအနားပွဲလေးမှာ အဖြူရောင်မင်္ဂလာဝတ်စုံလေးတွေနဲ့အတူ ရွှေလက်တွဲပြီး လိုက်ဖက်ညီစွာအတူ ရှိုးလျှောက်ရင်းအခမ်းအနားပွဲလေးကို တတ်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်..။

ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းလှတဲ့ ပရိသတ်ချစ်တဲ့ သူတို့အနုပညာရှင်မောင်နှမနှစ်ယောက်ကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို အတူတွဲလုပ်ဆောင်နေတာ တွေ့ရပါတယ်..။

အခုတစ်ခေါက် “စိန်နန်းတော်” wedding fair အတွက် စုံတွဲလေးအဖြစ် အတူပါဝင်သရုပ်ဆောင်ပေးခဲ့ကြတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုေတော့ ပိုင်တံခွန်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေလိုက်တာ ဖြစ်ပါတယ်..။

မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်နဲ့ မင်းသမီးချောအိန်ဂျယ်လမုန့်တို့ရဲ့ နှစ်ဦးသားဆက်ဆံရေးကတော့ မောင်နှမတွေလို ခင်မင်မှုမျိုးဖြစ်ပြီး အချစ်ရေးမှာတော့ အေးဆေးတည်ငြိမ်နေဆဲပါပဲ..။

အတိုင်အဖောက်ညီပြီး ချစ်စရာကောင်းတဲ့ သူတို့အနုပညာမောင်နှမနှစ်ယောက်ကတော့ ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း ပရိသတ်တွေကို စနောက်ခဲ့ကြတဲ့အတွက် ပရိသတ်တွေအထင်လွဲမှားကာ စိတ်ဆိုးခဲ့ကြပါသေးတယ်..။

ချစ်ရတဲ့ပရိသတ်တွေကို အမြဲစနောက်တတ်တဲ့ ပိုင်တံခွန်ကတော့ နောက်တစ်ခါမှာ အချစ်ရေးနဲ့ပတ်သက်ပြီး အဲ့ဒီလိုစနောက်မှုမျိုးတွေ မပြုလုပ်တော့ဘူးဆိုပြီးတော့လည်း ချစ်လှစွာသော ပရိသတ်တွေကို ပြန်ချော့ခဲ့ပါသေးတယ်..။

Photo - ပိုင်တံခွန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။