မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ မြန်မာပြည်သိန်းတန်တစ်ယောက်ကတော့ ဖြိုးမြတ်အောင်ကို စကားအကုန်ပြောဆိုပြီး ချီးကျူးခဲ့ပါတယ်။မနေ့ ကြာသပတေးညက မိုးသီချင်းများနဲ့ ယှဉ်ပြိုင်ရမှာ မြန်မာပြည်သိန်းတန်က စကားလုံးတွေ အကုန်သုံးပြီး ချီးကျူးခဲ့တာပဲဖြစ်ပါတယ်။ ယခင်ပတ်တွေကလည်း ခုလိုမျိုးစကားတွေ ပြောခဲ့ပါတယ်။လတ်တလောမှာ ဖြိုးမြတ်အောင်ဟာ Bottom နေရာမှာ တခါမှ ထိုင်ရဖူးသေးခြင်းမရှိပါဘူး ။

ဖြိုးမြတ်အောင်ရဲ့ ပရိသတ်တွေကတော့ အန်ကယ်ရဲ့ မှတ်ချက်တွေကို တခဲနက်ထောက်ခံခဲ့ကြပြီး Bottom တခါမှ မထိုင်ရဖူးသေးတဲ့ ဖြိုးမြတ်အောင်ဟာ Winner ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး ခန့်မှန်းနေကြတာပါ အန်ကယ်ကတော့ “မင်းလောက်ကောင်းတာ ဘယ်သူမှမရှိ မင်းထက်ကောင်းတာမရှိတော့ဘူး မင်းထက်ကောင်းတာတွေ့ရင်တောင် မင်းလောက်မကောင်းဘူးကွ အန်ကယ် တင်စားတာပါ” ဆိုပြီးပြောခဲ့ပါတယ်။ဒီလိုစကားလက်ကုန်ပြောခဲ့တာ ကြောင့် အန်ကယ်မတရားဘူးလို့ တခြား ပြိုင်ပွဲဝင်တွေ ကို အားပေးထားတဲ့ ပရိသတ်တွေကဝေဖန်နေကြပါတယ်။

မြန်မာIdol ပြိုင်ပွဲ မှာ မိုးသီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ကြတဲ့အခုအပတ်မှာ ြဖိုးမြတ်အောင် သီဆိုခဲ့တဲ့ သီချင်းအတွက် မူရင်းအဆိုရှင် မျိုးကြီးရဲ့ ပရိသတ်တွေက ဝေဖန်နေကြတဲ့အချိန်မှာ အန်ကယ်ရဲ့ လက်ကုန်ပြောလိုက်တဲ့စကားကြောင့် ပရိသက်တွေအကြားမှာ ဝေဖန်မှုတွေမြင့်တက်နေတာလည်းဖြစ်ပါတယ်။ဒါ့အပြင်လည်း “Idol Winner ဖြစ်လို့ရှိရင် ရတဲ့ပိုက်ဆံတွေကို မင်းဘာလုပ်မှာတုန်း” ဆိုပြီးတော့လည်း Winner ဆိုတဲ့အသံတွေကို ယခင်အပတ်ကအတိုင်း ပြောဆိုအရိပ်ပြခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရော လက်ကုန်မှတ်ချက်ပေးလိုက်တဲ့ အန်ကယ့်ကို ဘယ်လိုထင်မြင်ချက်ပေးချင်ပါသလဲ ..... မှတ်ချက်မှာ ပြောပေးကြပါဦးနော်။

Source - Myanmar Idol  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။