မြန်မာနိုင်ငံရဲ့ Justin Bieber လို့ တင်စားကြတဲ့ ဟိန်းမင်းသူကတော့ တိုးတိုးတိတ်တိတ် တေးသီချင်းနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို နေရာရယူနိုင်ခဲ့ပြီး ယောကျာ်းပီသတဲ့ အမိုက်စား Body အချိုးအစားနဲ့ မို့ မိန်းကလေးတိုင်း ကို စိတ်ကူးယဉ်ရတဲ့ မင်းသားလေးတစ်ပါလိုပါပဲ။ အရိပ် ဇာတ်လမ်းတွဲထဲက ဆေးကျောင်းသားလေး စိုင်း အဖြစ် သရုပ်ဆောင် တစ်ယောက် အဖြစ် ပရိသတ်တွေကို အချစ်ကို ပြန်လည် နေရာယူနိုင်ခဲ့သလိုနောက်ထပ်လည်း အနုပညာလောကမှာ ဟိန်းမင်းသူ အနေနဲ့ ခြေလှမ်းတွေတိုးလာဦးမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နောက်ထွက်မဲ့ MTV ကော ရိုက်ကူးမဲ့ ရုပ်ရှင်ဇာတ်လမ်းတွေအတွက် Perfect ပိုဖြစ်အောင် ဟိန်းမင်းသူ အနေနဲ့ အနုပညာအလုပ်ကိစ္စတွေ တော်တော် များများ ကို ရပ်နားခဲ့ပြီး Body tranformation ဘက်ကို အကောင်းဆုံး ကြိုးစားခဲ့သလို ခုဆိုရင်တော့ အမိုက်စား ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ Justin Bieber လို့ တင်စားကြတဲ့ အပေါ် ဟိန်းမင်းသူ အနေနဲ့ Justin Bieber ရဲ့ စတိုင်လ် ကို တုပ ဝတ်ဆင် လေ့ မရှိသလို ကိုယ့် ကိုယ်ပိုင် ဖက်ရှင်လ် စတိုင်လ်နဲ့ ကိုယ် ပြင်ဆင်လေ့ရှိကြောင်း ဆိုလိုက်ပါတယ်။ဟိန်းမင်းသူ ရဲ့ လက်ရှိ အချစ်ရေးက တော့ တဦးတည်း ဖြစ်သလို ချစ်သူလည်း မရှိတော့တာကြောင့် သူ သဘောကျတဲ့ မြန်မာနိုင်ငံကမင်းသမီးကတော့ ငယငယလေးတည်းက အားပေးရတဲ့ ဖွေးဖွေး ဖြစ်ပါတယ်။

နုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ် အားပေးကြတဲ့ ဟိန်းမင်းသူ ကတော့ ချာတိတ်မလေးတွေကို ရင်ခုန်အောင် ထပ်လုပ်လိုက်ပြန်ပါပြီ။ဟိန်းမင်းသူကို အမှန်အကန် အားပေးကြသူတွေ အနေနဲ့ ဒီနေ့ ဇူလှိုင်လ (၈) ရက်နေ့ မှာ ချာတိတ် ဆိုတဲ့ သီချင်ေးလး တပုင်္ဒ ထွက်ရှိလိုက လာပါတယ်။ အသက်(၁၇-၁၈) အရွယ် ဆယ်ကျော်သက် ဆံနွယ်ရှည် ရှည် မိန်းကလေး တစ်ယောက်ကို အရူးအမူး ချစ်မိတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ရေးဆိုတဲ့ သီချင်လေးဖြစ်ပြီး တိုက်ဆိုင်သူများရှိရင် တော့ ဒီသီချင်းလေးက သိပ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖြစ်ပါတယ်။

Source : Hein Min Thu ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။